အပိုင်း (၁၀၈)+အပိုင်း (၁၀၉)

427 39 0
                                    

အပိုင်း ( ၁၀၈) ဩဇာလွမ်းသည့်စကား

ရှန်ချန်၏လက်မောင်းပေါ်က ဒဏ်ရာများနှင့် သူ့ကျောပေါ်က ပွန်းပဲ့ဒဏ်ရာများကို ဆေးထည့်ပေးလိုက်ပြီးနောက် ရှန်ယွဲ့က ဆေးကို ယူလိုက်ကာ ရှန်ချန်၏မျက်နှာကို ကြည့်လိုက်လေသည်။

သူ၏နဂိုက ချောမောသည့်မျက်နှာလေးသည် ဒဏ်ရာမျိုးစုံတို့ဖြင့် ဖုံးအုပ်နေတော့သည်။ အဲကောင်တွေ ရန်ဖြစ်ကြတုန်းက သူ့မျက်နှာကို တမင်ရိုက်တာ သိသာတယ်။ သူတို့တွေ ရှန်ချန်ရဲ့ရုပ်ရည်ကို မနာလိုဖြစ်ရတဲ့ အကြောင်းအရင်းတစ်ခုကလည်း ရှိနေတာကိုး။

သူ့နားထင်မှာလည်း ခြစ်ရာတစ်ခု။ မျက်လုံးထောင့်မှာလည်း ရှရာလေးတစ်ခု။ သူ့ပါးရိုးပေါ်မှာလည်း ညိုမဲတဲ့ဒဏ်ရာတစ်ခု။ သူ့နှုတ်ခမ်းထောင့်ကလည်း နီရဲပြီး သူ့မေးစေ့ကလည်း ပွန်းပဲ့လို့။ သူ့မျက်နှာတစ်ခုလုံး ရောင်စုံကိုဖြစ်နေတာပဲ။ ရှန်ယွဲ့သည် သူ့ကို မကြည့်ရက်နိုင်တော့ပေ။ သို့သော် သူမက ရှန်ချန်၏ဒဏ်ရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးလိုက်လေသည်။

ရှန်ယွဲ့သည် အလွန်မှကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နေသည်ကို မြင်လိုက်ရသဖြင့် ကျောင်းဆေးခန်း ဆရာဝန်မက ထွက်သွားလိုက်ကာ ရှန်ယွဲ့နှင့် ရှန်ချန်တို့ကို ဆေးခန်းထဲတွင် ထားခဲ့လိုက်သည်။

" ငါ သာစောစောက သိခဲ့ရင် အဲငတုံးလေးယောက်ကို အလွတ်မပေးခဲ့ပါဘူး"

ရှန်ယွဲ့က ရုတ်တရက် ဝမ်းနည်းစွာ ထပြောလိုက်၏။ ငါ နောက်ထက်အခွင့်အရေးရှာပြီး အဲကောင်တွေကို ဆုံးမပစ်လိုက်ရမလား။

ရှန်ချန်၏အာရုံသည် ဒဏ်ရာပေါ်တွင် လုံးဝမရှိပေ။ သူက တွေးတွေးဆဆဖြင့် မေးလိုက်လေသည်။

"အစ်မ ခုနတုန်းက မြို့တော်ဝန်ကို နင့်ကို ဖုန်းခေါ်တာ ငါ ကြားလိုက်တယ်၊ ကျန်းရန်က ငါတို့ကိုဘယ်တော့မှ ထက်ပြီး ပြဿနာလာရှာတော့မှာမဟုတ်ဘူးလို့ ပြောခဲ့တာ တကယ်လား၊ အဖေ၊ အမေ နဲ့ ရှန်ရှင်းတို့ ဒီကိစ္စမသိလောက်ပါဘူးနော်"

"ဟုတ်တယ်၊ တစ်ခုခုဖြစ်ရင် ပျာယာခတ်မသွားနဲ့လို့ ငါ နင့်ကို ပြောထားရဲ့သားနဲ့၊ ကောင်းကင်ကြီး ပြိုကျလာရင်တာင် ငါ့မှာ ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှိပြီးသား၊ ပုရွက်ဆိတ်သာသာ ကျန်းမိသားစုကို ငါက လုံးဝကို ဂရုမစိုက်တာ"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now