အပိုင်း (၁၁၈) +(၁၁၉)

446 38 0
                                    


အပိုင်း (၁၁၈) တုန်းယန်နှင့်ပြန်တွေ့ခြင်း

မိန်းမတွေနဲ့ ဘယ်တုန်းကမှ ရင်းရင်းနှီးနှီးမနေခဲ့ဖူးတဲ့ ဥက္ကဋ္ဌကျိုးက ဒီနေ့ကျမှာ ဝတုတ်မလေးတစ်ယောက်ကို ဘာလို့ အဲလောက်စိတ်ဝင်စားနေတာလဲ။

ဟယ်ရှန့်တွေးထားသည့် လိုက်လျောညီထွေဖြစ်သည့် အနေအထားမှာ ရှန်ယွဲ့၏အမြင်တွင်တော့ စကားလုံးတိုက်ပွဲတစ်ခုပင်။

ရှန်ယွဲ့၏ မခမ်းနားလှသည့် အကြွားကို ကြားလိုက်ရသည်တွင် ကျိုးရွှမ်းသည် မနေနိုင်တော့ဘဲ အော်ရယ်လိုက်တော့သည်။

" မိန်းကလေးရှန်ကတော့ တကယ် ကျွန်တော့်ကို အံ့ဩအောင်လုပ်လိုက်တာပဲ"

ထိုယောက်ျားအသံထဲက ပြုံးရယ်သံကိုကြားလိုက်ရသဖြင့် ရှန်ယွဲ့က ကျိုးရွှမ်းကို လှည့်ကြည့်လိုက်ရာ သူ့မျက်လုံးထဲတွင် ခပ်ရေးရေး အပြုံးတစ်ခုကို တွေ့လိုက်ရတော့သည်။ နွေးထွေးရိပ်တစ်ခုပါနေသလို ရေခဲကိုအရည်ပျော်စေနိုင်သကဲ့သို့ပင်။ သည်လူက ပြုံးလိုက်လျှင် အလွန်ချောမောလိမ့်မည်ဟု သူမက လုံးဝထင်မထားခဲ့ချေ။ သို့သော်ငြား သည်အပြုံးက အလွန်တိုတောင်းလှပြီး ဘာအစအနမှ မကျန်ရစ်ခဲ့ချေ။

" မင်း ပြီးခဲ့တဲ့အခေါက်က ကျိုးယန်ကို ကယ်ပေးခဲ့တယ်နော် ပြီးတော့ ဒီတစ်ခေါက်ကျတော့ သခင်ကြီးကျန်းကို ကယ်တင်ပေးခဲ့တယ်" ကျိုးရွှမ်းက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။

" မင်းက မြို့တော်တက္ကသိုလ်က ကမ်းလှမ်းတာကိုတောင် ငြင်းခဲ့တယ်လို့ ကျွန်တော် ကြားခဲ့ရတယ်"

" ဟုတ်တယ်လေ၊ ကျွန်မက ကိုယ်ပိုင်အရည်အချင်းနဲ့ ဝင်ချင်လို့ပါ"

ရှန်ယွဲ့သည် ကျိုးရွှမ်းက စကားဆက်ပြောချင်နေသေးသည်ကို တွေ့လိုက်ရချိန်တွင် ရုပ်တည်နှင့် ပြန်ဖြေလိုက်တော့သည်။

" မှန်ပါတယ်လေ၊ ဒီလိုကျုံရာ ဆေးပညာအရည်အချင်းလောက်နဲ့တော့ ဆေးကျောင်း မသွားတာပိုကောင်းပါတယ်၊ နောက်တစ်ကြိမ်ကျရင် မင်းလည်း ကံကောင်းချင်မှ ကံကောင်းမှာပေါ့" ကျိုးရွှမ်း၏ရုတ်တရက် တိုက်ခိုက်မှုက အားလုံးကို သတိလက်လွတ် ဖြစ်သွားစေတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now