အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း

869 106 0
                                    

" ဟင် တကယ်နော်...."

ရှန်ယွဲ့က ခြေလှမ်းကျဲများဖြင့် ဝင်သွားသည်ကိုကြည့်လိုက်ပြီး ရှန်ချန်မှာ ခေါင်းကုတ်ရင်း သတ္တိမွေးကာ မြန်မြန် လိုက်သွားလိုက်တော့သည်။ တစ်ချိန်ထဲတွင် သိလိုစိတ်ဖြင့် သတိထားကာ ဘေးဘီကို ပတ်ကြည့်လိုက်လေသည်။

စျေးဝယ်စင်တာ၏ မြေညီထပ်တွင် အရောင်းသွက်သည့် တံဆိပ်အချို့ကို တင်ထား၏။ အလုပ်ဖွင့်ရက်နှင့် ကြုံနေသည်ဖြစ်ရာ စျေးဝယ်စင်တာထဲတွင် စျေးဝယ်သူများ မရှိဘဲ ရှင်းလင်းနေသည်။

ဆိုင်တိုင်းတွင် အရောင်းဝန်ထမ်းများက ဝင်ပေါက်တွင် ရပ်ကာ ထိုမောင်နှမကို တမင်ဖြစ်စေ အမှတ်တမဲ့ဖြစ် အကဲခတ်နေကြသည်။ သူတို့၏ ဟောင်းနွမ်းနေသည့် အဝတ်အစားနှင့် တောဆန်ဆန်အသွင်ပြင်က သူတို့တွင် များများ စားစား သုံးစွဲစရာမရှိကြောင်း သိသာနေသည်။ အထင်သေးသည့် အကြည့်တို့ဖြင့် ကြည့်လိုက်ပြီးနောက် သူတို့သည် မောင်နှမနှစ်ယောက်ကို လေလို သဘောထားလိုက်ကြတော့သည်။

ရှန်ချန်သည် သူ့ပတ်ဝန်းကျင်က လူများ၏ အကဲခတ်ခံရခြင်းနှင့် ရန်စ,ခံရခြင်းအပေါ် အလွန်အထိမခံဖြစ်တတ်သည်။ သူသည် ခေါင်းကို ငုံံ့ကာ ကြက်ပေါက်လေးတစ်ကောင်လို ရှန်ယွဲ့နောက် တွန့်ဆုတ်တွန့်ဆုတ်နှင့် လိုက်လာခဲ့၏။ ရှန်ယွဲ့နှင့် အမှီလိုက်ရန် သူ့ခြေလှမ်းကိုလည်း ညှိလိုက်သေးသည်။

မိနစ်အနည်းငယ် လျှောက်လာပြီးနောက် နောက်ဆုံးတွင် တော်တော်ကြီးမားသည့် ဖုန်းဆိုင်တစ်ခုကို တွေ့သွားတော့သည။ ရှန်ယွဲ့သည် စိတ်လှုပ်ရှားသွားပြီး ရှန်ချန်ကို ဆွဲကာ ဝင်သွားလိုက်၏။

သူမ သုံးနေသည့်ဖုန်းမှာ ဆယ်စုနှစ်တစ်ခုလောက် ဟောင်းနွမ်းနေသည့် ခလုတ်နှိပ်ရသည့် ဖုန်းဖြစ်လေသည်။ ဖုန်းထဲတွင် စာလက်ခံသည့် ဖန်ရှင်ကလွဲလျှင် ဘာမှမပါချေ။ ရှန်ချန်က နည်းနည်းပိုကောင်းသည်။ သူသည် ဆွန်းလင် သုံးနှစ်လောက် သုံးခဲ့သည့် touch screen ဖုန်းလေးကို သုံးရသည်။ ဖုန်းမှာ နှေးသည့်အပြင် အင်တာနက် လိုင်းဆွဲအားကလည်း ညံ့သည်။

ကိုယ်တွယ်ရလွယ်ကူသည့် ဆက်သွယ်ရေးပစ္စည်းတစ်ခုရှိခြင်းက လူနေမှုအဆင့်အတန်းကို ကြီးကြီးမားမား တိုးတက်စေမည်မှာ သံသယဖြစ်ရန် မလိုချေ။ ထို့ကြောင့် ရှန်ယွဲ့သည် ဝင်လာသည်နှင့်ချက်ချင်း တွေဝေမနေဘဲ ပြောလိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now