အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း

877 86 0
                                    

ဘာသာပြန်သူ - ChihiroLily

ရှန်ယွဲ့သည် တမင် ဘာမှမပြောဘဲ ပွဲကောင်းတစ်ခုကို စောင့်နေလိုက်သည်။

ဆွန်းလင်သည် ထိုစကားကိုကြားလိုက်ပြီးနောက် ချက်ချင်းမျက်မှောင်ကျုံ့သွားကာ အေးစက်စွာ ပြောတော့သည်။

" တစ်နေ့လုံး အလုပ်လုပ်မှ ငါ ငွေ ဘယ်လောက်ရှာနိုင်တယ်ထင်လို့လဲ၊ ငွေက လေထဲကနေ ရောက်လာတယ်များ ထင်နေတာလားဟဲ့၊ ပိုက်ဆံကို နင့်စိတ်ကြိုက်သုံးလို့ရတယ်လို့ ထင်နေတာလား၊ ဘာပဲဖြစ်ဖြစ် နင် ဘယ်လောက်စားစား ပိုဝ,လာတာပဲ ရှိမှာ၊ ဒီနေ့ကစပြီး နင့်ကို နေ့လည်စာ မကျွေးတော့ဘူး၊ ဒါက နင်ဝိတ်ကျတာကို အကူအညီလည်းဖြစ်တယ်"

အခုချိန်က ငါလေးက ဖွံ့ဖြိုးတဲ့အရွယ်လေဟယ်။ အခု အထက်တန်းတတိယနှစ် တောင်ရောက်နေပြီ၊ အလုပ်တွေကလည်း အများကြီးပဲ။ ဒါတောင် ဆွန်းလင်က အခွင့်ကောင်းယူပြီး အစားအသောက်ဖိုးကို ဖြတ်ချင်နေသေးတယ်၊ နောက်ဆို ငါ့ကိုတောင် နေ့လည်စာမကျွေးတော့ဘူးတဲ့လား။

ဝိတ်ကျသွားရင်တောင် ဗိုက်ကတော့ ဆာနေမှာပဲလေဟဲ့။

ခဏတာ ငြိမ်သက်သွားပြီးနောက် ရှန်ယွဲ့က ပြောလိုက်၏။

" ဒီတော့ အမေက သမီးကို အစားအသောက်အတွက် ငွေပိုသုံးလို့ ဒီလို အပြစ်ပေးတာလား"

" အမှန်ပဲ"

ဆွန်းလင်သည် စဥ်းစားမနေဘဲ ပြန်ဖြေလိုက်လေသည်။

သူမသည် သူမသမီးဖြစ်သူ ရှန်ယွဲ့ကို အလွန်မုန်းတီးပြီး ပြီးခဲ့သည့်တစ်ခေါက် ရှန်ယွဲ့ရေထဲကျသွားတုန်းက သူမကို ရေနစ်သေစေချင်စိတ်ခဲ့သော်လည်း သူမ၏ ရက်စက်သည့်အပြုအမူကို အမြင်တင့်စေဖို့ရာ သူမသည် ခေါင်းမာမာနှင့် ဆက်ပြောလိုက်သေးသည်။

" နင် အမှားလုပ်ထားရင်တော့ အပြစ်ပေးခံရမှာပဲ၊ အပြင်ထွက်ပြီး ငါ နင့်ကို နှိပ်စက်တယ်လို့ မပြောနဲ့နော်၊ နင်က အရင်မှားတာ၊ ရှန်ချန်ပဲဖြစ်ဖြစ် ရှန်ရှင်းပဲ ဖြစ်ဖြစ် ငါနင်တို့ကို အတူတူပဲ ဆက်ဆံတယ်"

"ကောင်းတယ်"

ရှန်ယွဲ့သည် ဆွန်းလင် ဤသို့ပြောလာမည့် စကားကို စောင့်နေခြင်းဖြစ်လေသည်။ သူမသည် လက်ခုပ်တီးလိုက်ပြီး

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now