အပိုင်း (၁၁၆) + အပိုင်း (၁၁၇)

470 39 0
                                    


အပိုင်း (၁၁၆) ဒါက ကောင်းကင်ဘုံရဲ့အလိုထက် သာလွန်နေပြီမလား

သခင်ကြီးကျန်းက သက်ပြင်းချရင်းသာ ချနေတော့သည်။ ထို့နောက် သူ့ရှေ့က လက်ဖက်ရည်ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး တစ်ကျိုက်ထဲမော့ချလိုက်ပြီး သူ့စိတ်ထဲက စိတ်ဓာတ်ကျနေသည့်ခံစားချက်ကို ဖြေလျှော့လိုက်တော့သည်။ နောက်ဆုံးတွင် သောက်နေရင်းတန်းလန်းမှ ရေသီးသွားပြီး ဆက်တိုက်ချောင်းဆိုး သွားလေသည်။

ရှန်ယွဲ့သည် သခင်ကြီးကျန်းကို ဤသို့မြင်လိုက်ရသဖြင့် အနည်းငယ် ရယ်ချင်သလိုဖြစ်သွားတော့သည်။ မြို့တော်တက္ကသိုလ်၏ကျောင်းအုပ်က အလွန်ချစ်ခင်ဖွယ်ကောင်းလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ။ သူ့ကို အလွန်မှ စည်းကမ်းတင်းကြပ်သည်ဟု ထင်ကြသည့် ထိုကျောင်းသူ ကျောင်းသားများအား သူ၏သည်ပုံစံကို အမှန်ပင် ပြပေးချင်မိတော့သည်။ သည်လို ကျောင်းအုပ်တစ်ယောက်သာ ဘေးတွင်ရှိနေလျှင် မြို့တော်တက္ကသိုလ်သည် ပိုပြီး နှစ်လိုဖွယ်ကောင်းပေးလိမ့်မည်။ သူမသည် မနေနိုင်တော့ဘဲ မြို့တော်တက္ကသိုလ်ကို ပိုပြီးသဘောကျမိလာတော့သည်။

သခင်ကြီးကျန်းက ရှန်ယွဲ့မှာ မအောင့်နိုင်တော့ဘဲ အော်ရယ်နေသည်ကို တွေ့လိုက်ရ၏။

" ကလေးမ မင်းက ငါ့ကို ဒီလောက်အရှက်ရစရာအဖြစ်မျိုး ဖြစ်နေတာကို မြင်ရတာ သဘောကျသလားဟေ"

သခင်ကြီးကျန်းသည် ရှန်ယွဲ့အား မနိုင်တော့သလို သဘောကျကာ ကြည့်နေလေသည်။

အမှန်တွင်တော့ ရှန်ယွဲ့ တစ်ယောက်တည်းမဟုတ်ချေ။ ကျန်းမိသားစုမဝင်များအတွက်လည်း သခင်ကြီးကျန်းက အားကျကျေနပ်ကာ အလွန်ပျော်ရွှင်နေသည်ကို မြင်ရခဲလေသည်။ သူတို့အားလုံးသည်လည်း ရယ်ချင်နေကြသော်လည်း မရယ်ရဲပေ။ သခင်ကြီးကျန်းက ဒေါသထွက်သွားမည်ကို ကြောက်လွန်းသောကြောင့်သာမဟုတ်လျှင် သူတို့သည် အစောကြီးကတည်း ရယ်မောပြီးကြလိမ့်မည်။

" အေးပါ၊ မင်းတို့ရယ်ချင်တယ်ဆိုလည်း ရယ်ကြပါ၊ ထိန်းထားစရာမလိုပါဘူး"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now