အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်

507 48 0
                                    

အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်

မေးခွန်းတွေကို ဖြေခဲ့တဲ့ လျှို့ဝှက်ပုဂ္ဂိုလ်က တကယ်ပဲ ဇီးရိုးသာဆိုရင် မြို့တော်တက္ကသိုလ်ကို ငြင်းလိုက်ဖို့က သူမအတွက်တော့ အရမ်းကို ကျိုးကြောင်းသင့်ပြီး ပုံမှန်ပါပဲ။

တကယ်တော့ ဇီးရိုးက ကမ္ဘာ့နံပါတ်တစ် ပါရမီရှင်ဟက်ကာတစ်ယောက်လေ။ မရေမတွက်နိုင်တဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက သူမကို ပျားရည်ဝမ်းချပြီး ခေါ်ထားချင်ကြတာ။ ကံမကောင်းချင်တော့ ဘယ်သူကမှ သူမကို အရင်ဆုံး ဆက်သွယ်လို့မရခဲ့ဘူး။ သူတို့တွေ ဇီးရိုးကပဲ သူတို့ကို လာရှာမှာကို စောင့်နေရုံပဲ တတ်နိုင်ခဲ့ကြတာ။

ကျိုးရွှမ်း၏စကားကို ကြားလိုက်ပြီးနောက် လင်ရှောင်းနှင့် ကျန်းဟွမ်တို့သည် ထိုအကြောင်းကို သေသေချာချာ စဥ်းစားလိုက်ပြီးနောက် နှမြောသတစွာဖြင့် နှုတ်ဆက်ကာ ပြန်သွားကြတောသည်။

လွန်ခဲ့သည့် ဆယ်မိနစ်က...

နောက်ဆုံး ခလုပ်ကို နှိပ်လိုက်ပြီးနောက် ရှန်ယွဲ့သည် သမ်းဝေကာ ထရပ်လိုက်လေသည်။

" ဖြေရှင်းပြီးသွားပြီ၊ ငါတို့တွေကို တိုက်ခိုက်ခဲ့တဲ့ စက်ကနေပြီးတော့ အသုံးပြုသူရဲ့အချက်အလက်တွေကို ရခဲ့တယ် ပြီးတော့ သူ့ကွန်ပျူတာကို ဖျက်ဆီးလိုက်ပြီ"

"အစ်မ နင် အရမ်းမိုက်တယ်"

ရှန်ချန်က တောက်ပနေသည့် မျက်လုံးများနှင့် ရှန်ယွဲ့ကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နေတော့သည်။ သူသည် လေးစားအားကျဟန်ဖြင့် ပြောလိုက်တော့သည်။

" ငါအစတုန်းက ဟက်ကာတွေ လိုင်းပေါ်မှာ တိုက်ခိုက်ကြတာက ရုပ်ရှင်တွေထဲမှာပဲ ရှိတယ်လို့ ထင်ထားခဲ့တာ၊ ဒီနေ့ ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်လိုက်ရမယ်လို့ ထင်မထားဘူး၊ ဘုရားရေ"

ရှန်ယွဲ့သည် သည်ကိစ္စကို နေသားကျနေပြီးဖြစ်လေသည်။ လွန်ခဲ့သည့်နှစ်အနည်းက သူမသည် အားလပ်သည့်အခါတိုင်း ဇီးရိုးနာမည်ဖြင့် အင်တာနက်ပေါ်တွင် စိန်ခေါ်တတ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးက ဟက်ကာများနှင့် မရေမတွက်နိုင်အောင် လက်ရည်ချင်းယှဥ်ခဲ့သည်။ ဝမ်းနည်းစရာက မည်သူမှ သူမကို အနိုင်မရဲ့ချေ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now