အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့

1K 93 0
                                    

အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့

ဆွန်းလင်သည် စားပွဲကို ဝုန်းခနဲရိုက်လိုက်ပြီး ရှန်ယွဲ့ကို လက်ညိုးထိုးကာ ဆဲဆိုတော့သည်။

" နင်ကများ ပါးစပ်လေးသုတ်ပြီး ထထွက်သွားချင်တာပေါ့လေ၊ အိပ်မက်မက်နေလိုက်၊ နင်က တုံးအပြီးအသုံးမကျဖြစ်နေပြီးသား၊ မိဘတွေရဲ့ အခက်အခဲကို ဘယ်လိုမျှကူပေးရမယ်ဆိုတာတောင် မသိဘဲနဲ့ အိမ်မှာ အလကားစားသောက်နေတာ၊ သွား ၊ မြန်မြန်လုပ်၊ ကြမ်းတိုက် ပြီးရင် ပန်းကန်ဆေး၊ နောက်ဆိုရင် အိမ်အလုပ်တွေ မပြီးမချင်း ထမင်းပေးမစားဘူး"

မူလပိုင်ရှင်၏ ခန္ဓာကိုယ်သည် အိမ်တွင် အနိုင်ကျင့်ခ့ရပြီးဖြစ်လေသည်။ အိမ်အလုပ်အားလုံးကို လုပ်ရသူမှာ သူမပင်ဖြစ်လေသည်။ သူမသည် အလွန်ပင်ပမ်းသောကြောင့် သာမန်လူများထက် ပိုစားခဲ့လေသည်။ အလွန်အကျွံစားသောက်သည့်အတွက် သူမသည် အလွယ်တကူ ဝိတ်တက်လာသည်။ သူမ ညပိုင်း အိမ်အလုပ်များပြီးသည့်အချိန်ဆိုလျှင် အလွန်နောက်ကျနေပြီးဖြစ်သည်။ သူမ၏အိမ်စာများကို အပြီးလုပ်ရန်အတွက် နောက်ကျတဲ့အထိ နေရသည်ဖြစ်ရာ အင်ဒိုခရိုင်း မမျှတမှုကို ဖြစ်စေတော့သည်။ ရလာဒ်အနေဖြင့် သူမသည် ဝသည်ထက် ဝလာတော့သည်။

ယခုတော့ ဆွန်းလင်သည် သူမ၏ မစားသောက်နိုင်ဖြစ်ရသည့်အကြောင်းကို အမှန်ပင်ခြိမ်းခြောက်နေတော့သည်။

ရှန်ယွဲ့သည် အေးတိအေးစက် ပြန်ပြောလိုက်၏။

" အိမ်အလုပ်တွေ လုပ်ပြီးရင် သန်းခေါင်တောင်ရောက်နေပြီ၊ သမီးက အနားယူပြီး ကျောင်းမသွားရတော့ဘူးလား"

မြည်းတောင်မှ မြက်စား၊ ရေသောက်ပြီး အနားယူ အိပ်ရသေးတယ်လေ ဟုတ်တယ်မလား။

ရှန်ယွဲ့ အကြပ်ရိုက်နေသည်ကို မြင်လိုက်ရပြီး ရှန်ရှင်းသည် ပျော်လာတော့သည်။ သူမသည် ရှန်ယွဲ့နှင့် အတန်းတူသော်လည်း ရှန်ယွဲ့သည် အညံ့ဆုံးအခန်းတွင်နေရကာ သူမသည် အကောင်းဆုံးအခန်းတွင် နေရသည်။ ထို့ကြောင့် သူမ၏စကားလုံးများသည် အထင်သေးမှုများနှင့် ပြည့်နေတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now