အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်

868 84 1
                                    

ဘာသာပြန်သူ - Chihiro Lily

နောက်ဆုံးတွင် ရှန်ယွဲ့အခန်းတံခါးပွင့်လာ၏။ ရှန်ယွဲ့၏ အဆီနှင့် မျက်နှာကို မြင်လိုက်ရချိန်၌ သူမရွံရှာမှုကို ဖိနှိပ်ကာ မျက်နှာလို မျက်နှာရ ပြုံးလိုက်လေသည်။

" အမ နောက်ဆုံးတော့ နင်နိုးပြီပေါ့"

သို့သော် ရှန်ရှင်း စကားမဆုံးခင်မှာပင် ရှန်ယွဲ့ လက်ဆန့်ထုတ်လိုက်ပြီး သူမ၏လည်ပင်းကို ရုတ်တရက် ဖမ်းဆုပ်လိုက်ကာ သူမကို နံရံဖက်သို့ တွန်းကပ်လိုက်လေသည်။ ကြောက်လန့်တကြားဖြင့် ရှန်ရှင်း၏လက်ထဲက လင်ပန်းမှာ ကြမ်းပြင်ပေါ်သို့ ကျသွားတော့သည်။ ပဲနို့သည် ကြမ်းပေါ်သို့ ဖိတ်ကျသွားပြီး ကြာကွေးများကလည်း ကြမ်းပြင်ပေါ့် လိမ့်ကျကုန်တော့သည်။

" နင် ငါ့ကို အမလို့ခေါ်ဖို့ မတန်ပါဘူး၊ ရွံဖို့ကောင်းတယ်"

ရှန်ယွဲ့၏မျက်နှာထားသည့် အေးစက်နေကာ ရှန်ရှင်းကို လူသ-တ်လိုသည့်အရိပ်တို့ဖြင့် စိုက်ကြည့်နေလေသည်။

သူမ၏မှတ်ဉာဏ်ထဲတွင် ရှန်ရှင်းသည် သွေးသားအရတော်စပ်သော်လည်း မူခန္ဓာကိုယ်ပိုင်ရှင်အား အမကြီးတစ်ယောက်လို လုံးဝမဆက်ဆံခဲ့ချေ။ ရှန်ရှင်းသည် သူကို ပြဿနာများသာ ပေးခဲ့ပြီး အတောမသတ်နိုင်အောင် အနိုင်ကျင့်ခဲ့သည်။ မည်သို့ဆိုစေ သူမသည် ရှန်ရှင်းကို မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် ဘယ်တော့မှခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။ သူမ ချမ်းသာလာပြီးမှ ရှန်ရှင်း၏မျက်နှာလိုမျက်နှာရ ပုံစံက သူမအတွက် ပိုလို့ပင် ရွံစရာကောင်းသေးသည်။ ထို့အပြင် မနက်စောစောစီးစီး သူမ အိပ်နေတုန်း ရှန်ရှင်းက ကျယ်လောင်စွာ လာနိုးခဲ့သးေသည်။ သူမ တကယ် ဒေါသထွက်သွားတော့သည်။

ရှန်ယွဲ့၏ လူသ-တ်တော့မည့်မျက်လုံးများသည် သူမကို စိုက်ကြည့်နေပြီး လည်ပင်းပေါ်တွင် သက်ရောက်နေသည့်အားက သူမကို မလှုပ်နိုင်အောင် ဖြစ်စေတော့သည်။ ရှန်ရှင်း၏ မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုကြောင့် ဖြူဆုတ်သွားပြီး စကားပြောရန်ပင် မေ့သွားတော့သည်။

" ဟဲ့ သောက်သုံးမကျတဲ့ဟာမ နင့်ညီမကို လည်ပင်းညစ်ပြီး ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now