အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်

463 36 0
                                    

အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်

ရှန်ချန်၏အခန်းတံခါးသည် လော့ခ်ချ မထားပေ။ သူသည် သူ့မိသားစုကို အလွန်ယုံကြည်ပြီး နေ့တိုင်းလိုလို တံခါးလောခ့်ချတတ်သည့်အကျင့်မရှိပေ။ နောက်ဆုံး မကြာခဏလာတတ်သည့် ရှန်ယွဲ့ကလွဲလျှင် ရှန်မိသားစုက မည်သူမှ သူ့အခန်းထဲ မဝင်ချေ။

ထို့ကြောင့် ရှန်ရှင်းသည် အခွင့်အရေးရသွားတော့သည်။ရှန်ချန်၏အခန်းထဲတွင် သူမ လိုချင်သည့်အရာကို ရှာတွေ့ နိုင်မည့်မျှော်လင့်ချက်ဖြင့် သူမသည် ရှန်ချန်၏အခန်းထဲသို့ တစ်ချက်ဝင်ကြည့်ရန် စွန့်စားလိုက်တော့သည်။ သူမက ရှန်ချန်၏စားပွဲဆီသို့ ခပ်သွပ်သွပ်လျှောက်သွားလိုက်၏။ ရှန်ရှင်းသည် စာရေးခုံပေါ်က စျေးကြီးသည့် ကွန်ပျူတာကို ပထမဆုံးအကြိမ်တွေ့ဖူးသွားတော့သည်။ သည်ကွန်ပျူတာတစ်ခုထဲနှင့်ပင် သောင်းချီပေးရသည်ဟု ဆိုကြသည်။ ရှန်ရှင်းက မနာလိုစိတ်ဖြင့် ချက်ချင်း အံ့ကြိတ်လိုက်လေသည်။

" ခွေးမလေး နင်က လူတွေရဲ့စိတ်ကို ဝယ်ဖို့ ငွေဘယ်လိုသုံးရမယ်ဆိုတာပဲ သိတယ်"

ရှန်ရှင်းသည် မုန်းတီးစွာဖြင့် ကျိန်ဆဲရင်း ရှာဖွေလိုက်တော့သည်။ သူမသည် စာရေးခုံပေါ်က ပစ္စည်းအားလုံးကို လှန်လှောကြည့်လိုက်သော်လည်း ဘာတစ်ခုမှ ရှာမတွေ့ခဲ့ချေ။ ဧကန္တ ရှန်ချန် ကျောင်းကို လွယ်သွားတဲ့ အိတ်ထဲမှာလား။

ရှန်ရှင်းသည် သူ့အိတ်ကို ဖွင့်လိုက်ကာ ထပ်ပြီး လှန်လှောရှာဖွေလိုက်သော်လည်း ကျောင်းစာအုပ်များနှင့် အိမ်စာများကလွဲလျှင် ဘာမှမရှိချေ။ သူ ဒီလောက်အရေးကြီးတဲ့ ပစ္စည်းကို ဝှက်ထားမှာသေချာတယ်။ ရှန်ရှင်းက တွေးလိုက်၏။

နောက်ဆုံး ဆယ်မိနစ်လောက်အကြာတွင် ရှန်ရှင်းသည် စာရေးခုံ၏ညာဘက် အံဆွဲထောင့်နားတွင် သူမလိုချင်သည့် အရာကို ရှာတွေ့သွားတော့သည်။ ရှန်ယွဲ့ရေးထားသည့် အဖြေများအပြည့်နှင့် အကြမ်းစာရွက်လေးရွက်ပင်။

ရှန်ရှင်းက ဝင့်ကြွားစွာပြုံးလိုက်ပြီး အကြမ်းစာရွက်ကို ယူကာ ထွက်သွားတော့မည်ဆဲဆဲတွင် သူမသည် သော့လှည့်သံ ကြားလိုက်ရပြီး ရှန်ချန်က ပြန်ရောက်လာတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now