အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း

702 58 0
                                    


အရင်က အဖွဲ့အစည်းက ငါလေးကို ပြာဖြစ်သွားအောင်လုပ်ခဲ့တယ်လေ။ ဒီတော့ လက်စားချေဖို့အတွက် မြို့တော်တက္ကသိုလ်မှာရှိတဲ့ အဖွဲ့အစည်းရဲ့ဌာနခွဲကို ချက်ချင်း အပြတ်ရှင်းလိုက်သင့်တာပေါ့ ဟုတ်တယ်မလား။ ဒါမှမဟုတ် ဖောက်ခွဲရေးပစ္စည်းအပြည့်နဲ့ ကုန်တင်ကားတစ်စီးလောက်ပို့လိုက်ပြီး သူတို့အားလုံး ပေါက်ကွဲသွားအောင်လုပ်ရင် ပိုကောင်းမလား။

လွတ်လွတ်လပ်လပ် လက်စားချေမည့်အတွေးနှင့် စိတ်ကူးကြည့်ရင်း ရှန်ယွဲ့သည် မုန်းတီးသည့်အပြုံးတစ်ခုကို ချက်ချင်း ထုတ်ပြလိုက်လေသည်။

ရှန်ချန်က သူမသည် မြို့တော်တက္ကသိုလ်တက်မည့်အရေးကြောင်း ဆွဲဆောင်ခံလိုက်ရသည်ဟု ထင်ကာ မြန်မြန် အစပျိုးလိုက်၏။

" လင်ရှောင်းက မြို့တော်တက္ကသိုလ်ရဲ့ သင်္ချာဌာနကလေ၊ သူ အင်တာနက်ပေါ်မှာတောင် ပြောထားသေးတယ်၊ မြို့တော်တက္ကသိုလ်ရဲ့ ပညာသင်ပေးတဲ့ပုံစံက ထူးထူးခြားခြားကို အားကောင်းတာတဲ့ ပရော်ဖက်ဆာတွေ အားလုံးကလည်း အရမ်းကို ဖော်ဖော်ရွေရွေရှိတယ်တဲ့၊ သူတို့တွေက ကျောင်းသားတွေမေးလာတဲ့ မေးခွန်းအားလုံးကို သေသေချာချာ ဖြေပေးကြတယ်တဲ့၊ သူတို့တွေက အရည်အချင်းရှိတဲ့ ကျောင်းသားတွေကိုလည်း မကြာမကြာခေါ်တတ်ပြီးတော့ ပညာရေးလမ်းကြောင်းကို စူးစမ်းလေ့လာဖို့ သူတို့တွေကို တပည့်တော်ဖို့ စောင့်နေကြတာတဲ့"

" ဟုတ်လား၊ ဒါက နင်နဲ့ သင့်တော်မယ်ပုံပဲ၊ ငါကတော့ တော်ပါပြီ၊ ငါ ဒီလိုကိစ္စတွေကို စိတ်မဝင်စားဘူး"

ရှန်ယွဲ့က ပြုံးလိုက်၏။ သူမသည် အမှန်ပင် သာမန်အထက်တန်းကျောင်းသူ တစ်ယောက်ဖြစ်ခဲ့လျှင်တော့ ထိုအရာများကို သူမ၏ တစ်သက်စာအနေဖြင့် အမှန်ပင် လက်ခံမိလိမ့်မည်။ ကံအကြောင်းမသင့်တော့ သူမသည် လင်ယွဲ့ ဟုခေါ်သည့် ကမ္ဘနံပါတ်တစ် လူသ-တ်သမားတစ်ယောက် ဖြစ်ခဲ့ပြီး သူမတွင် ပိုအရေးကြီးသည့် လုပ်စရာများ ရှိနေသည်။

သည်အခိုက်တွင် ရှန်ချန်သည် လင်ရှောင်း၏ပိုစ့်များ မရှဲတော့သည်မှာ ကြာပြီဖြစ်ကြောင်း သတိထားမိသွားတော့သည်။ ရှန်ယွဲ့က ကီးဘုတ်နှင့် စာရိုက်ရင်း အလုပ်ရှုပ်နေသည်ကို မြင်လိုက်သဖြင့် သူ့ဖုန်းကို ထုတ်ကာ အင်တာနက် ကြည့်နေလိုက်၏။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now