အပိုင်း (၁၆၄+၁၆၅)

405 31 1
                                    

အပိုင်း (၁၆၄) နေရာကို လက်လျှော့လိုက်

ကျန်းဟွမ်သည် ကြင်နာသည့်မျက်နှာတစ်ခု ဖြစ်လာလေသည်။ ဒီကလေးက မြို့တော်တက္ကသိုလ်ကို ဝင်ဖို့ သူ့ကိုယ်ပိုင်အရည်အချင်းကို အားကိုးချင်တယ်လို့ပဲ ပြောခဲ့တာ။ သူ့အတွက်တော့ တကယ့်ကို အံ့ဩစရာပဲ။ ဒီနှစ်တွေမှာ ဘယ်သူမှ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အမှတ်ပြည့်တစ်ခါမှ မရခဲ့ဖူးသလိုပဲ။ သူ လူရွေးမမှားဘူးပဲ။

ကျိူးရွှမ်းသည် ထိုသတင်းကို ကြားလိုက်ချိန်တွင် သူ့မျက်လုံးများထဲတွင် စိတ်ဝင်စားမှုက ဖျတ်ခနဲလင်းလာတော့သည်။ အမှတ်ပြည့်ရတဲ့သူကို မတွေ့ရတာ အရမ်းကြာသွားပြီလေ။ သူသည် ရှန်ယွဲ့ကို ထပ်တွေ့ဖို့ အချိန်တစ်ခုတော့ ပေးရအုံးမည်ဟု စတင်စဥ်းစားလိုက်တော့သည်။

မကြာမီတွင် ရှန်ယွဲ့၏ ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အမှတ်ပြည့်ရသည့်အကြောင်းက Sမြို့ကို သတင်းပျံ့သွားတော့သည်။ ချန်းယန်ကပင် ဆွန်းလင်ကို ဖုန်းခေါ်ပြီး ဂုဏ်ပြုစကား ပြောခဲ့လေသည်။အကြောင်းမှာ ရှန်ယွဲ့၏လုပ်ဆောင်ချက်က ချန်းယန်ကိုလည်း အကျိုးရှိလာစေခြင်းကြောင့်ပင်။ နောက်ဆုံး သူမသည် သူ့ကျောင်းက ကျောင်းသူတစ်ယောက် ဖြစ်လေသည်။

ရှန်ယွဲ့၏အောင်စာရင်းက အမှန်တကယ်ဖြစ်နေသည်ကို အတည်ပြုလိုက်ပြီးနောက် ဆွန်းလင်၏သဘောထားက ၃၆၀ဒီဂရီ လုံးဝပြောင်းလဲသွားတော့သည်။ ရှန်ယွဲ့မှာ အနည်းငယ်အံ့ဩရတော့သည်။

" ယွဲ့ယွဲ့လေး အမေလေ အရင်က ဘာမှမမြင်ခဲ့မိဘူး၊ နေ့တိုင်း သမီးကို မဆဲဆိုဘဲ အထင်မသေးဘဲ နေခဲ့ရမှာ၊ ဒါကလည်း အဓိကက သမီးက အကြိမ်တိုင်း ၅မှတ် ၁၀မှတ်ပဲ ရနေလို့လေ၊ သမီးက ပညာရေးမှာ မတော်ဘူးလို့ ပြောခဲ့တာကိုလည်း အမေ့ကို အပြစ်တင်လို့မရဘူးနော်၊ သမီးက မြို့မှာ ပထမရလိမ့်မယ်လို့ အမေ တကယ်မထင်ထားခဲ့မိတာ"

!!

ရှန်ယွဲ့သည် ထိုစကားကို ကြားလိုက်ရချိန်တွင် ဆွန်းလင်က ရည်ရွယ်ချက်ကောင်းနှင့် ပြောနေချင်းမဟုတ်ကြောင့် ချက်ချင်းခန့်မှန်းမိသွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now