အပိုင်း (၁၇၆+၁၇၇)

210 24 0
                                    

အပိုင်း (၁၇၆) မျက်လုံးကို ကျယ်ကျယ်ဖွင့်ကြည့်

"ဒီတော့ ငါ့အဖြေက..."

ကျန်းဟွမ်သည် စိတ်အားထက်သန်နေသည့် အကြည့်တစ်ခုနှင့် ကျိူးရွှမ်းကို စိုက်ကြည့်လိုက်သည်။

" အဲဒီအတွက် တိုက်ခိုက်ရယူလိုက်၊ လူငယ်တွေဆိုတာ တိုက်ခိုက်ရဲရတယ်၊ ဘာကိုမှ စိုးရိမ်စရာမရှိဘူး၊ ပြီးတော့ မင်း ဒီပရောဂျက်ကို ရသွားတာနဲ့ နောက်ပိုင်းမှာ အကျိုးအမြတ် သိသိသာသာ ရလာမယ့်အပြင် ကျိုးမိသားစုရဲ့ ဂုဏ်သတင်းကလည်း လက်စ်ဗေးဂက်စ် နဲ့ သူ့ပတ်ဝန်းကျင်တွေကိုတောင် ပြန့်သွားနိုင်တယ်၊ ဒါက ငွေနဲ့တိုင်းတာလို့မရနိုင်တဲ့ အရာပဲ"

"ကျွန်တော် နားလည်ပါပြီ လူကြီးမင်းကျန်း၊ အတူတူဖြတ်သန်းလာတဲ့နှစ်တွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်"

ကျိူးရွှမ်းက ပြောလိုက်ပြီးနောက် သူ့မျက်လုံးများသည် ပိုပြီး စူးရှလာကာ သူ့အေးစက်စက်မျက်နှာကလည်း ပိုပြီးဆုံးဖြတ်ချက် ပြတ်သားလာခဲ့သည်။

နှစ်ယောက်သားသည် စကားပြောနေကြစဥ် ရှန်ယွဲ့၏အော်သံက သူတို့စကားဝိုင်းသို့ တိုးဝင်လာခဲ့သည်။

"မစ္စတာကျိူး ကျွန်မကို လိုက်ပို့ပေးဖို့ ရှင့်ကို ဒုက္ခပေးလို့ရမလား"

ရှန်ယွဲ့၏အသံက အပြင်ဘက်မှ ထွက်လာခဲ့သည်။

" ကျွန်မ အိမ်မပြန်တာ နှစ်ရက်လောက်ရှိပြီမလို့ ကျွန်မ မိသားစုက စိတ်ပူနေမှာစိုးလို့ပါ"

ကျိူးရွှမ်း၏လက်က စားပွဲကို ဆက်တိုက် ခေါက်နေလေသည်။ သူ့အရိုးများသည် သန်မာလှပြီး သူ့သွယ်လျလျ လက်ချောင်းများက အမျိုးသမီးများကို အားကျစေလေသည်။ ရှန်ယွဲ့က သူ့ကို အရင်ဆုံး စကားစ,ကာ လိုက်ပို့ခိုင်းရသည့် အကြောင်းအရင်းကို ခန့်မှန်းမိနေသည်။ သည်နေ့ သည်နေရာသို့ရောက်လာပြီး သူလိုချင်သည့် အဖြေရခဲ့သည့်အတွက် သူက သဘောတူလိုက်တော့သည်။

" ကောင်းပါပြီ၊ ကျွန်တော့်ကို ခဏလေးစောင့်ပေးပါ"

ထို့နောက် သူက ထရပ်လိုက်ပြီး လူကြီးမင်းကျန်းကို နှုတ်ဆက်လိုက်ကာ ရှန်ယွဲ့နှင့်အတူ ကားပေါ် တက်သွားလိုက်သည်။ သို့သော် ကားက ကျန်းမိသားစုအိမ်မှ သိပ်ဝေးဝေးမရောက်ခင်မှာပင် ရှန်ယွဲ့က ရုတ်တရပ် ရပ်ခိုင်းလိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now