Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု

4.4K 994 71
                                    

Unicode

အခန်း(၂၃၄) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု

သွမ့်ယွီယန်နှင့်ယန်ထျန်းဟန်တို့ ကကျားပေါက်လေးနှစ်ကေင်နှင့် အတူဝင်ပေါက်ကိုစောင့်ကြပ်ပေး ကြသည်။လင်ရွှမ်းဇီကဂူထဲမှာ တင်ပလ္လင်ခွေထိုင်လိုက်၍အာကာသ အဆင့်ဆေးလုံးအားသူ့ပါးစပ်ထဲ ထည့်လိုက်ပြီးအချိန်တိုတစ်ခုလောက် တွန့်ဆုတ်နေမိပြီးနောက်မျက်လုံးများ ကိုမှိတ်ကာမျိချလိုက်တော့သည်။

တကယ်တော့သူ့ရဲ့လက်ရှိကျင့်ကြံ ဆင့်နဲ့ဆိုရင်မှန်ကန်တဲ့နည်းလမ်းက သူ့တံတွေးအားအသုံးချကာပါးစပ်ထဲ မှာပဲအာကာသအဆင့်ဆေးလုံး အားဖြေးဖြေးချင်းဆီချေဖျက်ပစ် ရမှာဖြစ်သည်။အလွှာတစ်ခုချင်းဆီ ကွာကျပြီးနည်းနည်းချင်းဆီစုပ်ယူ သွားမှသာသူ့အတွင်းပိုင်းအင်္ဂါတွေ ထဲနှင့်ဒန်တျန်ပင်လယ်ထဲသို့ဆေးလုံး ဝင်တဲ့အချိန်မှာသူခံစားရမယ့်နာကျင် မှုကလျော့နည်းသွားမှာဖြစ်သည်။

ဒါပေမဲ့သူ့မှာအချိန်သိပ်မရှိဘူး..... ငါးကိုရောဝက်ဝံရဲ့လည်သည်းကို ရောနှစ်ခုလုံးကိုသူဆန္ဒရှိနေလို့မရ ဘူးလေသူ့အနေနဲ့တစ်ခုကိုတော့ လက်လျော့မှဖြစ်လိမ့်မည်။

လုံးဝပျက်စီးသွားပြီဖြစ်သည့် ဒန်တျန်ချီပင်လယ်ကိုပြန်လည် ပြင်ဆင်ခြင်းကအတော်လေး ကိုကြောက်မက်ဖွယ်ကိစ္စတစ်ရပ် ဖြစ်သည်။ကျင့်ကြံသူတစ်ယောက် အတွက်ကဒီလိုနာကျင်မှုမျိုးသည် တစ်စုံတစ်ယောက်ရဲ့ဝိဉာဉ်ကိုခွဲချေ ပစ်တာထက်တော့မလျော့ကျပေ။

လင်ရွှမ်းဇီမှာသူ့ဒန်တျန်ရှိနေသည့် နေရာကပေါက်ကွဲထွက်ပြီးကွဲပြဲနေ သလိုပင်ခံစားနေရသည်။သူ့တစ်ကိုယ် လုံးသည်လည်းထိန်းချုပ်မရနိုင်လောက် သည့်နာကျင်မှုများနှင့်ပြည့်နှက်နေရ၏။

သို့သော်သူကအသံစိုးစဉ်းမျှပင် မထွက်ပေ။သူ့ကျောကုန်းနဲ့အင်္ကျီ တစ်ခုလုံးမှာထွက်နေတဲ့ချွေးအေး တွေနဲ့သူ့ရဲ့အရောင်မရှိတော့သည့် မျက်နှာကလွဲရင်သူ့လက်ရှိအခြေ အနေအားသူ့မျက်နှာကနေပြော နိုင်မယ့်နည်းလမ်းလုံးဝမရှိဘူးဖြစ်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now