Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး

4.3K 979 18
                                    

Unicode

အခန်း(၂၂၈) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး

လင်ရွှမ်းဇီကချီအာ့ကို တစ်ချက်ကြည့်လိုက်သည်။

"လူကြီးမင်းချီအာ့...ဒီနေရာက အပြင်ဘက်ကမ္ဘာနဲ့ချိတ်ဆက်ထား ပါတယ်ခင်ဗျားအရင်ဆုံးထွက်သွား ပြီးပြန်လည်ကောင်းမွန်အောင် လုပ်သင့်တယ်"

တကယ်တော့ချီအာ့ကလင်ရွှမ်းဇီ ဘာမှမပြောဘူးဆိုရင်တောင်ဒီနေရာ မှာဆက်နေမှာမဟုတ်တော့ဘူးဖြစ်သည်။

"ကျွန်တော့အသက်ကိုကယ်တင်ပေးခဲ့ အတွက်ညီအစ်ကိုလင်ကိုကျေးဇူး အများကြီးတင်ပါတယ်တစ်နေ့မှာ ချီမိသားစုကသေချာပေါက်ကျေးဇူး ကြွေးပြန်ဆပ်ပါ့မယ်"

ချီအာ့ကသူ့ကျေးဇူးတင်မှုကိုဖော် ပြပြီးတာနဲ့ရှန်ရူပင်းရဲ့ဘက်ကိုလှမ်း ကြည့်လိုက်ပြီးအံကိုကြိတ်လိုက်သည်။

"မင်းအတွက်ကတော့...ငါတို့ချီမိသားစု နဲ့မင်းတို့ရှန်မိသားစု..,ဒါအဆုံးသတ် မဟုတ်ဘူး!"

ချီမိသားစုကဒီတစ်ခေါက်ဆေးလုံး ကန့်သတ်လျို့ဝှက်နယ်မြေထဲမှာ ဒီလိုအကြီးအကျယ်ဆုံးရှုံးမှုခံစားခဲ့ ရပြီးသူတို့ဒီနယ်မြေကနေမထွက်ခွာ ခင်ရိုးရှင်းသည့်ရတနာလေးတစ်ခုပင် မရခဲ့ပေအဲ့ဒါကမိသားစုတစ်ခုလုံးကို အရှက်ရစေသည်။အများဆုံးဖြစ်နိုင် တာချီမိသားစုကရှန်မိသားစုကိုရှန်ရူပင်း ဒီလျို့ဝှက်နယ်မြေထဲမှမထွက်ခင်က ပင်ပြဿနာစရှာလိမ့်မည်။

"ဟင့်-သေချာတာပေါ့ကျွန်မတို့ကြား မှာမပြီးသေးဘူး"

ရှန်ရူပင်းကသူမရဲ့မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။သူမက ရှန်မိသားစုရဲ့ပင်မဌာနမှအကြီးဆုံး တရားဝင်သမီးကြီးတစ်ယောက် ဖြစ်ပြီးရှန်မိသားစုသည်လည်းကောင်း ကင်တောင်ထွတ်ဂိုဏ်း၏အထက်တန်း လွှာမိသားစုဖြစ်သည်။သဘာဝကျကျ ပင်ရှန်မိသားစုကမြောက်ဘက်တိုက် မကြီးမှချီမိသားစုကိုမကြောက်ပေ။

ပြင်းထန်သည့်ခြိမ်းခြောက်မှုများကို ဖလှယ်ပြီးနောက်ချီအာ့ကကျိုးနေ သည့်ခြေထောက်တစ်ဖက်နှင့်ပင် ကူးပြောင်းရေးဘောလုံးအားချိုးဖဲ့ ၍ပျောက်ကွယ်သွားသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now