Chapter(260) - အားကောင်းတဲ့နောက်ခံ

4.4K 869 31
                                    

Unicode

အခန်း(၂၆၀) - အားကောင်းတဲ့နောက်ခံ

သွမ့်ယွီယန်ကအနည်းငယ်အနေခက်သလိုခံစားရသည်။အကုန်လုံးပြောလို့ပြီးတဲ့နောက်မှာထိုလူကသူ့ရဲ့မွေးရင်းအဖေဖြစ်နေတယ်လေ,သူ့အဖေအပေါ်မှာသူ့အမြင်ကလောလောဆယ်သိပ်မကောင်းပေမယ့်လို့ပေါ့

ယွမ်ထျန်းဝမ်ကသွမ့်ယွီယန်ရဲ့အခြေအနေကိုနားလည်တာကြောင့်သွမ့်ယွီယန်အားသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ကာတိုးတိုးလေးပြောလိုက်သည်။

"အဲ့ဒီလိုလူမျိုးကိုမင်းရဲ့အဖေအဖြစ်အသိအမှတ်ပြုစရာမလိုဘူးဘယ်လိုပဲဖြစ်ဖြစ်သူကဘာမှကောင်းတာမှမဟုတ်တာ"

သွမ့်ယွီယန်ကခါးသက်သက်ပြုံးလေသည်။

"သူကကျွန်တော့အပေါ်အထူးတလှယ်မကောင်းဘူးဆိုပေမယ့်အလွန်အကျွံလည်းဘာမှမလုပ်ခဲ့ဘူးလေ..ကျွန်တော့အပေါ်အဆိပ်ခတ်တဲ့ကိစ္စကတော့ဆုယွီလျှန်,အဲ့ဒီအဆိပ်ပြင်းမိန်းမကြီးသာလုပ်ခဲ့တာဖြစ်လိမ့်မယ်"

"ဒီလိုကိစ္စဟောင်းလေးတစ်ခုကိုသွမ့်ကျုံတဲ့ဆီကတိတ်တဆိတ်သဘောတူညီချက်မရှိဘူးဆိုရင်ဆုယွီလျှန်ကမင်းကိုသွမ့်မိသားစုရဲ့နှာခေါင်းပေါက်အောက်မှာတင်နှစ်ပေါင်းများစွာနာတာရှည်အဆိပ်ခတ်ဖို့အထိသတ္တိရဲမယ်မင်းတကယ်ပဲယုံကြည်လို့လား?" ယွမ်ကျုံရဲ့မျက်နှာကမထီမဲ့မြင်မှုများနဲ့ပြည့်နှက်နေပြီးသူ့မျက်လုံးထဲမှာပြင်းထန်တဲ့အလင်းတစ်ချက်ဖြတ်ပြေးသွားကာဆက်ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်သူကသူ့မိသားစုရဲ့သခင်ပဲလေ..အကယ်၍သူ့ရဲ့အကြီးဆုံးအမွေဆက်ခံသူသာသူ့ကျင့်ကြံရေးမှာဒီလိုပြဿနာကြီးပေါ်ပေါက်မယ်ဆိုရင်မိသားစုခေါင်းဆောင်တစ်ယောက်အနေနဲ့သေချာပေါက်စိုးရိမ်ပူပန်ပြီးစုံစမ်းစစ်ဆေးရမှာပေါ့....အကယ်၍သူသာအရာရာကိုဂရုတစိုက်စစ်ဆေးမယ်ဆိုရင်မင်းကိုယ်ထဲမှာအဆိပ်ရှိတာရှာမတွေ့ဘူးလို့ငါလုံးဝမယုံဘူး!"

သွမ့်ယွီယန်ရဲ့အမူအယာကရုတ်တရက်ဖြူဖျော့သွားသည်။

ယွမ်ထျန်းဝမ်ကမကျေမနပ်ပြောသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now