Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ

3.9K 821 58
                                    

Unicode

အခန်း(၂၆၈) - မဟာအကြီးအကဲဟွိုင်ယွီ

သိရမည်မှာကျိုးပျက်ဓားတောင်ထွတ်ရဲ့တောင်သခင်တာအိုအရှင်ရီသောက်ကထိုမြေကွက်ကိုဟိုးတုန်းကတည်းကစဉ်းစားခဲ့တာဖြစ်ပြီးသူ့မှာအချိန်နဲ့နေရာအားသာချက်လည်းရှိသည်။ယုတ္တိကျကျပြောရရင်ထိုမြေကကျိုးပျက်ဓားတောင်ထွတ်ရဲ့မြေနေရာမှာပါဝင်တာကြောင့်ကျိုးပျက်ဓားတောင်ထွတ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးပုံမှန်အားဖြင့်တော့၎င်းကိုသူပိုင်ဆိုင်သည်။

သို့သော်မဟာအကြီးအကဲဟွိုင်ယွီကအလွန်အင်အားကြီးမားလွန်းသည်။သူ့ရဲ့အစုတ်အပြတ်ဝါးအိမ်လေးကနေအလွယ်တကူထွက်မလာတတ်သော်လည်းထွက်လာမယ့်ထွက်လာတော့လည်းနက်ရှိုင်းကောင်းကင်ဂိုဏ်းတစ်ခုလုံးကိုပရမ်းပတာဖြစ်အောင်လုပ်တော့သည်။အဲ့ဒါကိုမှတာအိုအရှင်ရီသောက်ကမဟာအကြီးအကဲဟွိုင်ယွီရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတဲ့ကောလဟာလများပါထပ်ပေါင်းထည့်လိုက်တော့တာအိုအရှင်ရီသောက်သည်သူ့အိမ်ကိုလာလုနေတဲ့ထိုလူရဲ့ရှေ့မှာ'အရှက်ခွဲခြင်းကိုသည်းခံပြီးအရှက်ကွဲတဲ့အတိုင်းသာနေ'ဆိုတဲ့စကားအတိုင်းဆက်နေရတော့သည်။

မဟာအကြီးအကဲဟွိုင်ယွီနဲ့တာအိုအရှင်ရီသောက်တို့မတည့်တာကိုနက်ရှိုင်းကောင်းကင်ဂိုဏ်းတစ်ခုလုံးသိကြတာကြောင့်တာအိုအရှင်ရီသောက်လက်အောက်မှာနေဘူးသည့်လင်ရွှမ်းဇီသည်လည်းထိုအကြောင်းကိုကောင်းကောင်းသိနေသည်။

သူကျိုးပျက်ဓားတောင်ထွတ်မှာရှိတုန်းကဆိုရင်တာအိုအရှင်ရီသောက်ကမဟာအကြီးအကဲဟွိုင်ယွီနဲ့ပတ်သတ်လို့သူကဘယ်လောက်တောင်အရှက်မရှိကြောင်းဘယ်လောက်တောင်ရိုသေလေးစားမှုမရှိကြောင်းကိုဒေါသတကြီးရေရွတ်ပြောဆိုသည်များအားအကြာခဏကြားဘူးခဲ့သည့်အပြင်မဟာအကြီးအကဲဟွိုင်ယွီရဲ့အသိုက်ကိုပင်အနှေးနဲ့အမြန်ဖျက်ဆီးပစ်မယ်ဟုမုန်းတီးစွာပြောခဲ့သည်ကိုကြားခဲ့ဘူးသည်။

လင်ရွှမ်းဇီသည်ကျိုးပျက်ဓားတောင်ထွတ်ရဲ့ထိပ်ဆုံးသို့တစ်ခါသာတက်ဘူးခဲ့သည်။အဲ့ဒီတစ်ခေါက်ကလည်းတာအိုအရှင်ရီသောက်ကသူ့ကိုဝိဉာဏ်မြက်သွားချေးငှားခိုင်းခဲ့ခြင်းပင်။ပြောစရာမလိုလောက်အောင်ပဲသူ့မှာထင်ယောင်ထင်မှားမြူခိုးတောထဲမှာခက်ခဲခဲခဲလျှောက်ခဲ့ရတဲ့အပြင်မဟာအကြီးအကဲဟွိုင်ယွီကသူ့ရဲ့အိုမင်းနေတဲ့အသက်ကိုမှမထောက်သူ့အားအတော်ကြာအောင်စနောက်ခဲ့သေးသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now