Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်

2.8K 737 158
                                    

Unicode

အခန်း(၃၁၈) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်

ဘာဖြစ်သွားမှန်း ဘယ်သူမှမသိသော်လည်း ယွမ်ထျန်းဝမ်က နိုးလာပြီးနောက်မှာ ဒီလိုယဉ်ကျေးသိမ်မွေ့သည့် အကျင့်စရိုက်ကို ရရှိခဲ့သည်။ ဒီအသိဉာဏ်အသစ်က သွမ့်ယွီယန်ကို တကယ်ပဲ မျက်လုံးပွင့်စေသည်။

သွမ့်ယွီယန်တင်မကပဲ တစ်ခြားသူများသည်လည်း အံ့အားသင့်ကာ ထိတ်လန့်ကုန်ကြ၏။ တစ်ယောက်ပြီးတစ်ယောက် သွမ့်ယွီယန်အား လေးစားလှစွာ ကြည့်နေကြသည် 

 — အေးစက်ပြီး မာနထောင်လွှားတဲ့ ယွမ်သခင်လေးကို ဒီလိုဖြစ်အောင် လေ့ကျင့်ပေးနိုင်တာ တကယ့်ကို ရှားပါးတာပဲ

ယွမ်ထျန်းဝမ်ကိုယ်တိုင် တောင်ပေါ်ကို ခေါ်လာသည့် ဟန်ယူရန်ကိုပါ တွေးမိကြတာတော့ မလွဲမသွေပင်။ ယွမ်ထျန်းဝမ်က သူ့ကိုကောင်းကောင်းဆက်ဆံပေးခဲ့ပေမယ့်လည်း သွမ့်ယွီယန်ကို ဆက်ဆံတဲ့ပုံစံနဲ့ နှိုင်းယှဉ်ကြည့်ရရင်တော့ ကွာခြားချက်က ကောင်းကင်နဲ့မြေကြီးလောက်ရှိသည်။ သူတို့ကိုကြည့်မိတဲ့ ဘယ်သူမဆို ဘယ်တစ်ယောက်က သူတစ်ကယ် ချစ်တဲ့သူလဲ ဆိုတာကို ချက်ချင်းဆုံးဖြတ်နိုင်သည်။

ဟိုင်ခွမ်းလောင်က အနားကိုလျှောက်လာပြီး လင်ရွှမ်းဇီအား တစ်ချက်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။

"မာကျောတဲ့ခန္တာအဆင့် တတိယအလွှာ?"

လင်ရွှမ်းဇီက ခေါင်းညိတ်ပြသည်။

ဝမ်ရိထုန်မှာ အသက်ပြင်းပြင်းရှုမိသွားသည်

"မင်းဝင်သွားတုန်းက မာကျောတဲ့ခန္တာအဆင့် ပထမအလွှာထက်မပိုတာကို တစ်ခေါက်တည်းနဲ့ နှစ်ဆင့်တောင် ခုန်တက်သွားတာလား ပြီးတော့ တစ်လပဲ ရှိသေးတာကိုလေ! မင်းကနည်းနည်းတော့ ကောင်းလွန်းသွားပြီ!"

"တိမ်တိုက်နဲ့မိုးကြိုးဒဏ်က ဘာဖြစ်သွားလဲ?" ကျန်းဖုန်းထင်က အနည်းငယ် စိတ်မသက်မသာ ဖြစ်နေရင်းမေးသည်။

လင်ရွှမ်းဇီက ခပ်ဖျော့ဖျော့ မျက်မှောင်ကျုံ့၏။

"ကျွန်တော်လည်း သိပ်မသေချာဘူး, ပြီးတော့ သိပ်လည်း မခံစားလိုက်ရဘူး , ကြည့်ရတာ မိုးကြိုးဒဏ်က တကယ်မဆင်းလာဘူးထင်ပါတယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now