Chapter(231) - ယွီယန်ရဲ့သဘောထား

5K 1K 58
                                    

Unicode

အခန်း(၂၃၁) - ယွီယန်ရဲ့သဘောထား

သွမ့်ယွီယန်ကနားထောင်ပြီးနောက် သူ့လက်ဖဝါးဖြင့်မြေပြင်အားပြင်း ပြင်းထန်ထန်ရိုက်လိုက်သည်။

"ရှန်မိသားစုရဲ့ဆန်ကုန်မြေလေး အဘိုးကြီးကအရမ်းအရှက်မဲ့လွန်း တာမဟုတ်ဘူးလား?!ဒီလိုအပြစ် သားမျိုးကကောင်းကင်ဘုံက အပြစ်ပေးမခံရပဲအောင်အောင် မြင်မြင်တောင်တက်လှမ်းသွား နိုင်သေးတယ်....ညလယ်ခေါင်ကြီး သူ့တံခါးကိုတစ္စေတွေတံခါးလာခေါက် မှာမကြောက်ဘူးလားမသိဘူး?!"

ယွမ်ထျန်းဝမ်ကချော့ပြောသည်။

"ဒီလိုလူမျိုးကြောင့်ဒေါသထွက် မနေနဲ့သူအပြစ်ပေးမခံရမှာမဟုတ် ပါဘူးအချိန်မရောက်သေးတာပဲ ရှိတာ...ဒီလိုလူယုတ်မာမျိုးက အနှေးနဲ့အမြန်အပြစ်ပေးခံရလိမ့်မယ်"

ယန်ထျန်းဟန်ကခေါင်းညိတ်ပြသည်။

"အကယ်၍ကျွန်တော့်အကိုကြီးနဲ့ ကျွန်တော်နဲ့အနာဂတ်မှာတိုက်ကြီး ငါးတိုက်ကနေထွက်သွားပြီးနယ်မြေ ကိုးခုကိုတက်လှမ်းခွင့်ရခဲ့ရင် ကျွန်တော်တို့သေချာပေါက် အဲ့ဒီအကောင်စုတ်ကိုလိုက်ရှာပြီး စီနီယာလုအတွက်လက်စားခြေ သတ်ပစ်မယ်!"

ထိုသို့ပြောပြီးနောက်ယန်ထျန်းဟန် ကသက်ပြင်းချသည်။

"ကျွန်တော်တို့နယ်မြေကြီးငါးခု ကရောထွက်သွားနိုင်ပါ့မလား?"

လင်ရွှမ်းဇီကပြန်ဖြေသည်။

"မင်းသာသွားချင်သ၍ငါတို့သွားနိုင်တယ်"

သွမ့်ယွီယန်ကမေးသည်။

"အားဟန်ကထွက်သွားပြီး ကြည့်ချင်လို့လား?"

ယန်ထျန်းဟန်ကခေါင်းညိတ်ပြသည်။

"အဖေရှိတုန်းကဆိုရင်တိုက်ကြီး ငါးတိုက်ရဲ့အပြင်ဘက်ကကမ္ဘာတွေ အကြောင်းကျွန်တော့ကိုပြောပြတယ် ..နိုင်ငံတွေပြီးတော့ဂိုဏ်းတွေက အဲ့ဒီမှာအရေအတွက်အများကြီး ရှိနေတာတဲ့ပြီးတော့ရတနာတွေ ကိုလည်းနေရာတိုင်းမှာရှာတွေ့ နိုင်တယ်...ပြီးတော့မရေမတွက် နိုင်တဲ့သြဇာအာဏာရှိလူအရေ အတွက်လည်းအများကြီးပဲ"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now