Chapter(340) - မြက်စားပိုးကောင်

2.8K 625 9
                                    

Unicode

အခန်း(၃၄၀) - မြက်စားပိုးကောင်

လင်ရွှမ်းဇီကပြောသည်။

"ဒီနယ်မြေထဲမှာလည်း နေ့နဲ့ညရှိတယ်, လက်ရှိမှာက မနက်ခင်း အချိန်ဆိုပေမယ့် ပြီးမှ ပြန်လာမယ်ဆိုရင် လကိုလည်း မြင်ရလိမ့်မယ်, တစ်ခုပဲ ဒီကအချိန်က အပြင်ဘက်ထက် ပိုမြန်တယ်, ဒီထဲမှာ တစ်နှစ်နေတာက အပြင်ဘက်မှာ တစ်ရက်နဲ့ ညီမျှတယ်, အကယ်၍ အားဟန်က ဒီထဲမှာ ဝိညာဉ်ပင်တွေ စိုက်ဖို့ စီစဉ်ရင် သေချာပေါက် အများကြီး ရိတ်သိမ်းနိုင်လိမ့်မယ်"

"တကယ်ကြီးလား?" ယန်ထျန်းဟန်ရဲ့ မျက်လုံးလေးများ မြင့်တက်သွားရသည်။

လင်ရွှမ်းဇီက အပြုံးလေးဖြင့် ခေါင်းညိတ်ပြ၏။

"အိပ်ဆောင်နယ်မြေထဲက ယာယီ ပြောင်းလဲမှုတွေက အပြင်ဘက်ကမ္ဘာနဲ့ အရမ်းကွာခြားတယ်"

ယန်ထျန်းဟန်သည် ဝိညာဉ်ဆေးပင်များ စိုက်ပျိုးခြင်းဖြင့် တောက်ပသည့် အနာဂတ်အား စိတ်ကူးယဉ်နေပုံရသည်။

"ဒီခံစားချက်က အရမ်းကောင်းတာပဲ!" ယန်ထျန်းဟန်က စိတ်လှုပ်ရှားစွာဖြင့် အော်လေသည်။
"ဒါပေမဲ့ , ပေါင်းပင်တွေကို အရင်ရှင်းကြရအောင်"

လင်ရွှမ်းဇီက ရယ်သည်။

"ဒီနေရာက ပေါင်းပင်တွေကအလွယ်တကူ ဆွဲနှုတ်လို့ မရဘူး, ငါတို့တွေ အထူးမြက်စားပိုးကောင်တွေကို မှီခိုရမှာ"

ယန်ထျန်းဟန်က ပြန်မေးသည်။

"ဘယ်လိုလုပ် မြက်စားပိုးကောင်တွေက ကျွန်တော့်လောက် ကောင်းမှာလဲ?"

"အကယ်၍ မယုံဘူးဆိုရင် ကိုယ်တိုင်စမ်းကြည့်လေ"

ယန်ထျန်းဟန်က လက်စည်းတံဆိပ်များ ပြုလုပ်၍ ပေါင်းပင်များအား အမြစ်ကနေ စတင်ဆွဲနှုတ်ဖို့ ကြိုးစားလေသည်။ ဒီပေါင်းပင်တွေက ဒီနေရာမှာ အချိန်အကြာကြီး အမြစ်တွယ်နေခဲ့လို့လား ဒါမှမဟုတ် အပြင်ဘက်ကမ္ဘာနဲ့ မတူတဲ့အမျိုးအစား ဖြစ်နေတာကြောင့်လား မသိသော်လည်း ပေါင်းပင်လေး နှစ်ပင်နှုတ်ဖို့တောင် အင်အားအများကြီး စိုက်ထုတ်ရသည်။ ဒါ့အပြင် သူ့ကိုယ်ထဲက ဝိညာဉ်ချီများသည်ပင် ကုန်ဆုံးလုနီးပါးပင်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now