Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်

2.3K 563 21
                                    

Unicode

အခန်း(၃၇၁) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်

"ကျန်းချန်ကျစ်က တုချီယင်းရဲ့....." ယန်ထျန်းဟန်က အံ့အားသင့်သွားရင်းဖြင့် မျက်လုံးလေးများ ပြူးကျယ်သွားရသည်။

"မဖြစ်နိုင်တာကြီး?"

"ဘာလို့?"

ယန်ထျန်းဟန်၏ အမူအယာက အကြိမ်ပေါင်းများစွာ ပြောင်းလဲနေသည်။ နောက်ဆုံးမှာတော့ ကြက်ခြေထောက်ကိုသာ ဒေါသတကြီး ကိုက်ချလိုက်တော့သည်။

"အရှက်မရှိလိုက်တာ, အဲ့ဒါကြောင့်သူက အစ်ကိုကြီးကို ဒုက္ခပေးဖို့ အတူတူ ပူးပေါင်းလိုက်ကြတာပေ့ါလေ!"

"အင်း, သူတို့တွေ ငါ့ကို အတူတူပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာ ဒါပေမဲ့ အဲ့ဒါက အခု ပြီးသွားပြီလေ"

ယန်ထျန်းဟန်က ခေါင်းညိတ်ပြသည်။

"အမှန်ပဲ"

ခဏလောက် စဉ်းစားပြီးနောက်မှာ ယန်ထျန်းဟန်က နားမလည်နိုင်စွာဖြင့် မေးပြန်သည်။

"တုချီယင်းရဲ့ အဲ့ဒီလို လျှို့ဝှက်ချက်မျိုးကို အစ်ကိုကြီး ဘယ်လိုသိတာလဲ?"

လင်ရွှမ်းဇီက ပြန်ဖြေသည်။

"ထုန်လဲ့က ဘက်ပြောင်းလာတယ်လေ မဟုတ်ရင် ဒီအစီအစဉ်က ဒီလောက် အလွယ်တကူလုပ်နိုင်ခဲ့မှာ မဟုတ်ဘူး"

"ဟားဟား!"

ယန်ထျန်းဟန်က စိတ်လန်းဆန်း တက်ကြွစာနဲ့ ကျေနပ်အားရစွာ ရယ်သည်။

"အဲ့ဒီ ထုန်လဲ့ဆိုတဲ့ ကောင်လေးက လူကောင်းမဟုတ်မှန်း အစောကြီးကတည်းကသိတယ်။ အခုတော့ ကြည့်ရတာ အဲ့ဒီကောင်လေးက တကယ့်ကို ကြင်နာတတ်တဲ့ မျက်နှာနဲ့ မဲနက်နေတဲ့ နှလုံးသားရှိပုံပဲ"

လင်ရွှမ်းဇီ, "......"

"ဒါပေမဲ့ အစ်ကိုကြီးက ထုန်လဲ့ကို ဒီအတိုင်း လွှတ်ပေးလိုက်မှာလား?"

ထိုအချိန်တုန်းက လင်ရွှမ်းဇီကို ကြံစည်တဲ့ နေရာမှာ ထုန်လဲ့လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တာကြောင့် သူသည်လည်း လူကောင်းတစ်ယောက်တော့ မဟုတ်ဘူးလေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now