Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း

3.1K 618 14
                                    

Unicode

အခန်း(၃၅၈) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း

တုချီယင်းနဲ့ လင်ယွီရိုတို့ကို တံခါးကို ကန်ဖွင့်ပြီး အိပ်ယာပေါ်မှာ ဖမ်းမိတဲ့အချိန်မှာ တုချီယင်းက လင်ယွီရိုအား ကာကွယ်ပေးဖို့ မပြောနဲ့ သူ့ရဲ့ ပထမဆုံး တုန့်ပြန်မှုက လင်ယွီရိုကို ဘာလို့အိပ်ယာပေါ် ရောက်နေတာလဲလို့ မေးပြီး ရူးချင်ယောင် ဆောင်ခြင်းသာ။ ထိုတုန့်ပြန်မှုက ချမ်းသာတဲ့ မိဘတွေရဲ့ မျိုးရိုးကို လိုက်တတ်တဲ့ သားတစ်ယောက်ရဲ့ ပုံမှန်အပြုအမူကို သာဓက ပြနေတာပဲ။

ဟား...

ဟဲချိုက်လင်းက မရယ်ပဲ မနေနိုင်တော့။ အရင်တုန်းက သူမဆရာနဲ့ ဂိုဏ်းဆီက ဖိအားပေးမှုများကြောင့် တုချီယင်းကို သူမရဲ့ စေ့စပ်ထားသူအဖြစ် လက်ခံခဲ့ရတာ။ ဒါ့ကြောင့်လည်း သူမက ကံကြမ္မာကို လက်ခံလိုက်ပြီး တုချီယင်းကို လက်ခံဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အခုချိန်မှာတော့ သူမရဲ့ လည်ပင်းကို ဓားထောက်ထားမယ် ဆိုရင်တောင် ဘယ်တော့မှ ထပ်ပြီး လက်မခံတော့ဘူး

အမှန်ကတော့ လင်ရွှမ်းဇီဒဏ်ရာ ရသွားကတည်းက သူမက တုချီယင်းရဲ့ တကယ့် စိတ်ကို မြင်ခဲ့ရပြီးသားပဲ

သူမက တုချီယင်းကို ဒီကိစ္စနဲ့ ပတ်သတ်မှု ရှိမရှိအား စစ်ဆေးမေးမြန်းခဲ့သေးတယ်။ တုချီယင်းက ပွင့်ပွင့်လင်းလင်း ဝန်မခံရဲပေမယ့်လည်း အဲ့ဒီကိစ္စကို ကျေကျေနပ်နပ်ကြီး သဘောကျနေတဲ့အပြင် ကျိုးပျက်ဓားတောင်ထွတ်မှာ သူနံပါတ်တစ် လူဖြစ်လာရမယ့် အံ့အားသင့်စရာ မြင်ကွင်းကိုတောင် စိတ်ကူးယဉ်နေခဲ့တာ

ဟဲချိုက်လင်းရဲ့ နှလုံးသားက  မနေနိုင်စွာပဲ အေးစက်မှုကို ခံစားလိုက်ရတယ်။ လင်ရွှမ်းဇီက ဒီကျိုးပျက်ဓားတောင်ထွတ်မှာ သူမနဲ့ အရင်းနှီးဆုံး ဂိုဏ်းတူမောင်လေးဖြစ်သည်လေ။

ဟဲချိုက်လင်းက ဂိုဏ်းသခင်ကိုဒေါသတကြီး လိုက်ရှာခဲ့တဲ့ အချိန်တုန်းက ဂိုဏ်းသခင်တောင် ဒီကိစ္စကို ယောင်ဝါးဝါး လုပ်နေခဲ့တာကို သိခဲ့ရတယ်။ သူက သူမကို ဘာမှသိထားစရာ မလိုဘူး ဆိုတာနဲ့ သူမရဲ့ အတွေးတွေ အကုန်လုံးကို စေ့စပ်ထားသူပေါ်ပဲ မြှုပ်နှံထားဖို့ပါ ပြောခဲ့တာ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now