Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ

1.9K 462 44
                                    

Unicode

အခန်း(၃၈၂) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ

ရှောင်းလင်ဖုန်းကို ကြည့်နေသည့် ချင်းကျူ၏ မျက်လုံးများက ဒေါသကြောင့် နီရဲနေသည်။

"မင်းကို မြင်ရတဲ့အချိန်တိုင်း သတ်ပစ်လိုက်တာကတောင် အရမ်းကို ပေါ့ပါးတဲ့ အပြစ်ဒဏ်ဖြစ်နေပြီ။ နောင်ကို အနာဂတ်မှာ ငါ့ကိုမြင်ရင် ကွေ့ပတ်ပြီး လျှောက်သွား။ ငါ့မျက်စိရှေ့တောင် ပေါ်မလာနဲ့!"

လျှိုမုံချန်မှာ ဘာပြောရမှန်း မသိပေ။ ဒီကိစ္စနဲ့ ပတ်သတ်ရင် သူက ပြောခွင့်အနည်းပါးဆုံး လူတစ်ယောက် ဖြစ်သည်လေ။

သို့သော်လည်း ရှောင်းလင်ဖုန်းက ဟန်ဆောင်နေတာအား ရပ်တန့်လိုက်ကာ ခြေထောက် ပြန်ချလိုက်၏။ သူ့ရဲ့ ဓားသဏ္ဍာန် မျက်ခုံးများက မျက်မှောင်ကြုတ်သလိုမျိုး စုသွားရင်းဖြင့် ချင်းကျူအား ကြည့်လာသည်။

"ဒီအစ်ကိုကြီးက မင်းကို အရင်က ဆန့်ကျင်မိတာများ ရှိဘူးလို့လား?"

ချင်းကျူက စူးစူးဝါးဝါး စိုက်ကြည့်ပြီး ပြောသည်။

"မင်းက ဘယ်သူကို အခွင့်ကောင်းယူနေတာလဲ?"

ရှောင်းလင်ဖုန်းက ခေါင်းလေးစောင်းလိုက်ပြီး ချင်းကျူအား စိတ်ကျေနပ်အောင် ကြိုးစားနေသည့် ပုံစံဖြင့် သူ့ရဲ့ ဖီးနစ်မျက်လုံးများအား အနည်းငယ် စောင်းလိုက်သည်။

"မင်းငါ့ကို အထင်လွဲနေတာလား။ ငါ မင်းကို အခွင့်ကောင်းယူဖို့ လုံးဝမရည်ရွယ်ပါဘူးနော်။ မင်းက ငါ့ထက်အများကြီးငယ်ပေမဲ့ မင်းကို 'အကိုကြီး' လို့တောင်ခေါ်လို့ရပါတယ်။ မင်းကို အသက်ကြီးသလို ခေါ်ဝေါ်လို့တော့ အပြစ်တင်မခံချင်ဘူးနော် ဟုတ်ပြီလား?"

ချင်းကျူက မျက်လုံးသာ လှန်မိတော့လေသည်။ အရင်တုန်းက သူ ရှောင်းလင်ဖုန်းအကြောင်းအား ကြားဖူးသော်လည်း သူ့နာမည်ကိုသာ သိထားတာပင်။ ဒီလူက ဒီလို အကျင့်စရိုက်မျိုး ရှိနေမယ်လို့ လုံးဝ မထင်ထားမိဘူး

လျှိုမုံချန်၏ မျက်နှာကတော့ သိပ်ပြီး ကြည့်မကောင်းတော့။ ရှောင်းလင်ဖုန်းက ရောက်ရောက်ခြင်းပဲ ချင်းကျူကို ပရောပရည် လုပ်ရဲနေမယ်လို့ မထင်ထားမိတာကြောင့် ထိုအချင်းအရာက လျှိုမုံချန်အား ထူးဆန်းသလို ခံစားရစေသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now