Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ

4.5K 1K 78
                                    

Unicode

အခန်း(၂၄၀) - အောင်မြင်စွာအန္တာရယ်ထဲ
မှထွက်လာပြီ

"နေဦး!" ရှန်ယောင်းကလက်သီးကို ဆုပ်လိုက်ပြီးသူ့ရဲ့အေးစက်စက် အကြည့်ကတော့လင်လျိုချွန်း မျက်နှာကိုဖြတ်သန်းသွားသည်။

"ဂိုဏ်းသခင်လေးရန်...ကျုပ်တို့ ရှန်ချောင်းကွန်းရဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဆက်မလိုက်ဖို့ကဖြစ်နိုင်ပါတယ် ဒါပေမဲ့ခင်ဗျားကHepta-Brilliant Sacred မီးကိုမူလပိုင်ရှင်ဆီ ပြန်ပေးပါ့မယ်ဆိုတဲ့စာချုပ်ချုပ် ဆိုထားတယ်လေ...ခင်ဗျားရဲ့လက်ရှိ အဆင့်အတန်းနဲ့ဆိုရင်ကတိကိုဖျတ်ဖို့ စဉ်းစားလို့မရဘူးဟုတ်တယ်မှတ်လား?"

ရန်ဖူယောက်ရဲ့နှလုံးသားမှာ အနည်းငယ်နာကျင်နေမိသည်; ကိစ္စများကဒီလောက်ထိဖြစ်သွား မယ်လို့သူလည်းမသိခဲ့ပေ။

သူဆေးလုံးကန့်သတ်လျို့ဝှက် နယ်မြေနဲ့ပတ်သတ်တဲ့စီးပွားရေး ကိစ္စတွေမှာပါဝင်ခဲ့တဲ့အချိန်တုန်းက ရှန်မိသားစုသည်Hepta-Brilliant Sacredမီးကိုသူတို့ဘာသာရှာဖွေပြီး ဘာမှမမှားယွင်းစေရပါဘူးဟု ကတိပြုခဲ့ကြသည်။ကောင်းကင်ဘုံရဲ့ အစီအစဉ်ကသူတို့ရဲ့ကိုယ်ပိုင်အစီအစဉ် ထက်ကျော်လွန်သွားလိမ့်မယ်လို့မမျှော် လင့်ခဲ့မိဘူး။

ရန်ဖူယောက်ကတည်ငြိမ်စွာ သာပြန်ဖြေလိုက်သည်။

"အဲ့ဒီလိုစာချုပ်မျိုးတကယ်ပဲ တည်ရှိခဲ့တယ်ဆိုပေမယ့်
Hepta-Brilliant Sacred မီးကလည်း ဒီမိတ်ဆွေလေးယန်ရဲ့ကိုယ်ထဲမှာ ရှိနေပြီလေ..မိတ်ဆွေလေးယန်ကလည်း အဲ့ဒါကိုဘာနဲ့မှအလဲအလှယ်လုပ်လို့တဲ့ အစီအစဉ်မရှိဘူးထင်တယ်ဟုတ်တယ် မှတ်လား?"

လင်ရွှမ်းဇီကပေါ့ပေါ့ပါးပါးပင် ထောက်ခံလိုက်သည်။

"အကယ်၍ကျုပ်တို့ကိုကောင်းကင် ဂိုဏ်းရဲ့ဂိုဏ်းချုပ်နေရာကိုကမ်းလှမ်း လာမယ်ဆိုရင်တောင်ကျုပ်တို့သဘော မတူဘူး"

ဒီလိုတင်းမာလှတဲ့သဘောထားကို မည်သူမျှဘာမှလုပ်လို့မရနိုင်ပေ။

"ဟင့်" ရှန်ယောင်းကထူးထူးဆန်းဆန်း ရယ်လိုက်သည်။

"ဒါဆိုလည်းအခုချိန်ကစပြီး ဂိုဏ်းသခင်လေးရန်ပဲနေ့တိုင်း နှလုံးသားအစိတ်စိတ်အပိုင်းပိုင်း ကွဲကြေသလိုခံစားချက်နဲ့ညီမျှတဲ့ နာကျင်မှုကိုခံစားရတော့မှာပေါ့"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now