Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်

3.6K 825 30
                                    

Unicode

အခန်း(၂၆၅) - ထင်ယောင်မှားအခင်းအကျင်းသခင်

သူတို့နစ်မြှုပ်ဓားတောင်ထွတ်ပေါ်တက်နေတဲ့အချိန်မှာတောင်ကလူအယောက်တစ်ရာလောက်လက်ချင်းတွဲပြီးလျှောက်နိုင်လောက်သည်အထိအတော်လေးကျယ်ဝန်းတာကိုသတိထားမိကြသည်။သို့ပေမယ့်အရမ်းလည်းမြင့်တာကြောင့်အကုန်လုံးကိုတစ်ချက်ကြည့်တာနဲ့မမြင်ရနိုင်ပေ။

ကျန်းဖုန်းထင်ကတာအိုဘုရားရှိခိုးကျောင်းကိုလက်ညှိုးညွှန်ပြသည်။

"ဒါကနစ်မြှုပ်ဓားရဲ့ပင်မတောင်ထွတ်ပဲ...ဓားနဲ့ပျံသန်းသွားလို့ရတယ်ဆိုပေမယ့်နစ်မြှုပ်ဓားတောင်ထွတ်ရဲ့စည်းမျဉ်းစည်းကမ်းအရပထမဆုံးအကြိမ်တောင်ထိပ်ကိုလာတဲ့သူကကိုယ့်ဘာသာကိုခြေလှမ်း(၉၉၉)လှမ်းနဲ့တက်ရမယ်"

ယန်ထျန်းဟန်မှာအံံအားသင့်သွားမိသည်။သူကသူ့အရပ်,တစ်ဝက်နီးပါး,လောက်ဆီခြားတဲ့လှေကားထစ်များကိုကြည့်ပြီးပါးစပ်ဖွင့်မိတော့၏။

"ကိုကိုဖုန်းထင်...လာနောက်နေတာလား?၉၉၉လှမ်းကမြင့်လွန်းတယ်ပြီးတော့အကယ်၍ကျွန်တော်တက်နိုင်တယ်ဆိုရင်တောင်အဲ့ဒါကဆယ်ရက်လဝက်လောက်ကြာသွားလိမ့်မယ်!မဟုတ်ဘူး,မဟုတ်ဘူးဆယ်ရက်ကနေလဝက်ကမလုံလောက်ဘူး..သုံးလကနေငါးလလောက်တော့ကြာလိမ့်မယ်"

အခြေတည်အဆင့်ကိုရောက်ပြီးနေပြီဆိုရင်တောင်ယန်ထျန်းဟန်ကလူသားတစ်ယောက်ပဲဖြစ်နေသေးပြီးနတ်ဘုရားတစ်ပါးမဟုတ်ပေ။နတ်ဘုရားတောင်မှပင်ပန်းတာတွေအိပ်ငိုက်တာတွေဖြစ်မှာပဲလေ။

ကျန်းဖုန်းထင်ကပြုံးသည်။

"အဲ့ဒါဆရာသခင်ချန်ထားရစ်ခဲ့တဲ့စည်းမျဉ်းပဲ..ရွှမ်းဇီကသူကိုယ်တိုင်ရွေးချယ်ထားတဲ့တပည့်ဆိုပေမယ့်စည်းမျဉ်းကိုတော့လိုက်နာဖို့လိုအပ်သေးတယ်..မဟုတ်ရင်ဆရာသခင်ကလက်ခံမှာမဟုတ်ဘူး"

လင်ရွှမ်းဇီကမျက်လုံးများကိုကျဉ်းမြောင်းပြီးယန်ထျန်းဟန်ရဲ့လက်ကိုဆုပ်ကိုင်လိုက်သည်။

"ဘာမှမဖြစ်ပါဘူးငါတို့ဖြေးဖြေးချင်းဆီတက်လို့ရတယ်"

ယန်ထျန်းဟန်ကခေါင်းညိတ်ပြလိုက်ပြီးစိုးရိမ်ပူပန်မှုများရှိနေသေးသော်လည်းလင်ရွှမ်းဇီအတွက်တော့သိပ်စိတ်မပူပေ။သူကသူ့ရဲ့မသန်စွမ်းတဲ့ခြေထောက်တွေကသူတို့ကိုနိမ့်ကျစေမှာကိုသာစိုးရိမ်မိတာဖြစ်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now