Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်

3.3K 771 23
                                    

Unicode

အခန်း(၂၉၆) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်

ယန်ထျန်းဟန်က တံခါးဝကို ခြေချတာနဲ့ အော်တော့သည်။

"အားကု, ငါရေသောက်ချင်တယ်!"

အိမ်စောင့်နေတဲ့ လင်းချီကုက ရေတစ်ခွက်ယူလာပြီး ယန်ထျန်းဟန်ကို ပေးလေသည်။ အခုဆိုရင် သူယန်ထျန်းဟန်ရဲ့ စကားများအား အခက်အခဲမရှိ ရှင်းရှင်း လင်းလင်း နားလည် နိုင်နေပြီဖြစ်သည်။

ယန်ထျန်းဟန်က တစ်ငုံ သောက်လိုက်ပြီးနောက် နှာမှုတ်ပြီး ထွေးထုတ်သည်။

"အားကု, ငါရေနွေးလိုချင်တာ"

လင်းချီကုက ခဏလောက် စဉ်းစားနေကာ ရေနွေးဘယ်လိုမျိုးရအောင်လုပ်ရမလဲ နားမလည်နိုင်ပုံပေါ်နေသည်။

ရေက ဒီအတိုင်း ရေပဲ မဟုတ်ဘူးလား?

"ဒီငတုံးကြီးကို အနိုင်မကျင့်နဲ့" ဖုန်ကျင်းယွီက နှာခေါင်းရှုံ့၍ ပျံသန်းလာသည်။

"သူက အခု အလောင်း ရုပ်သေးရုပ်ဖြစ်နေတာ, သူ့မှာ အာရုံငါးပါး မရှိသလို ထိတွေ့မှု အာရုံလည်း မရှိဘူး, အကယ်၍ ငါသူ့ကို မီးရှို့လိုက်ရင်တောင် ပြာသာဖြစ်သွားမယ် သူဘာမှ ခံစားရမှာ မဟုတ်ဘူး"

ဒါ့အပြင် အလောင်းရုပ်သေးရုပ်များအား ဆိုးဝါးပြီး ဘေးဥပါဒ် ဖြစ်စေသည် နည်းစနစ်ဟု ခေါ်ရသည့် အကြောင်းအရင်းမှာ တစ်စုံတစ်ယောက်က ဘယ်လိုပဲ သူတို့ကို မီးတွေ ထက်ရှတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်နေပါစေ လက်မောင်းတွေ ခုတ်ဖြတ်ခံရတာတို့၊ ခြေထောက်တွေ ကျိုးသွားတာတို့၊ လည်ပင်းကျိုးသွားတာတို့ ဖြစ်ရင်တောင် ဘာမှ မခံစားရတာကြောင့်ပင်။ သူတို့က သူတို့သခင်ရဲ့ အမိန့်ကို နာခံပြီး အရူးအမူး ဆက်လက် တိုက်ပွဲဝင်ကြလိမ့်မည်။ သို့သော်လည်း ဒီလို လူသတ်စက်မျိုးက ယန်ထျန်းဟန် လိုချင်တဲ့ အရာမဟုတ်ပေ။

"အာ" ယန်ထျန်းဟန်က အတော်လေး စိတ်ဓာတ်ကျသွားမိသည်။

"အားကုရဲ့ ဘဝတစ်လျှောက်လုံး ဒီလိုပဲ ဖြစ်သွားတော့မယ်လို့တော့ မပြောနဲ့နော်?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now