Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း

2.2K 472 7
                                    

Unicode

အခန်း(၃၇၇) - ချီမြို့သို့ ရောက်ရှိခြင်း

လျှိုကျောက်ယွဲ့က မျက်မှောင်ကြုတ်မိသည်။

"နတ်ဆိုးသားရဲ အင်္သေချေတောအုပ်က ဘာတွေဖြစ်နေတာလဲ? အဲ့ဒီ နတ်ဆိုးသားရဲကောင်ကြီးက ဒီလောက် ကြီးမားတဲ့ဒုက္ခကို ဖြစ်စေနိုင်ပါ့မလား? အဲ့ဒီ နတ်ဆိုးသားရဲက တကယ်ပဲ ဘာမို့လို့လဲ?"

"နတ်ဆိုးသားရဲက ဒုတိယပဲ ; အရေးကြီးဆုံးအရာက နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ထဲက အရှိန်အဝါတွေ ပြောင်းလဲကုန်တာ" လျှိုမုံချန်က ရှင်းပြသည်။

"နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ထဲမှာ ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း တစ်ခု ရှိခဲ့ဖူးတယ်လို့ သံသယဝင်မိတယ်။ ငါတွက်ချက် ကြည့်ရသလောက်ကတော့ မရှင်းပြနိုင်အောင် ပေါ်လာတဲ့ အဲ့ဒီ နယ်မြေအဆီးအတားက နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်းကို ပြေလျော့သွားစေတာ ဖြစ်လိမ့်မယ်"

" ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း?" လျှိုကျောက်ယွဲ့၏ အမူအယာ ပြောင်းလဲသွားလေသည်။

ယခင်တုန်းက တာအိုအင်္သေချေခေတ်အခါမှာ နယ်မြေကြီးကိုးခု၏ အချုပ်အခြာ အာဏာပိုင် ငါးဦးတို့သည် နတ်ဆိုးအား စည်းတံဆိပ် ခတ်နိုင်ဖို့အတွက် ကိုယ့်ကိုကိုယ် စတေးခဲ့ကြသည်။ သူတို့သည် ရှေးဦးစေတန်နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်းအား လမ်းကြောင်းငါးခုကနေ တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြပြီး  နောက်ဆုံးမှာတော့ စေတန်နတ်ဆိုးအရှင်အား တံဆိပ်ခတ်ကာ နှစ်ဦးနှစ်ဖက် ပျက်စီးမည့် ဘေးကနေ ကင်းဝေးစေခဲ့တာကြောင့် နှစ်ပေါင်းထောင်ချီကြာ ကျင့်ကြံရေး ကမ္ဘာအား ငြိမ်းချမ်းစေမည့် အာမခံချက် တစ်ခုကို ပေးနိုင်ခဲ့သည်။

နယ်မြေကြီးကိုးခုကလာတဲ့ တစ်သီးတစ်သန့် မိသားစုက လူတစ်ယောက် အနေနဲ့ ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်းကို ဘယ်လိုလုပ် မသိပဲ နေမှာလဲ?

ဒါ့ပေမယ့်လည်း  ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်းက တိုက်ကြီးငါးတိုက်မှာပါ ရှိနေမယ်လို့ မသိခဲ့ဘူး

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now