Chapter(215) - အရာအားလုံးပြန်ပေးမယ်

4K 975 110
                                    

Unicode

အခန်း(၂၁၅) - အရာအားလုံးပြန်ပေးမယ်

လူတိုင်းရဲ့အာရုံကထိုတပည့်လေးပေါ် ရောက်နေတဲ့အချိန်မှာပဲအနက်ရောင် ဝတ်စုံနှင့်ဘွတ်ဖိနပ်ကိုဝတ်ဆင်ထား သည့်လူငယ်လေးတစ်ယောက်က အခင်းအကျင်းရဲ့ဝင်ပေါက်ကိုဖြတ်ကာ တိတ်တဆိတ်ဖြင့်ဝင်လာပြီးတောင့်တင်း နေသည့်အမူအယာနှင့်ဝင်ရောက်ပျောက် ကွယ်သွားလေသည်။

တောက်ပစွာဝတ်ဆင်ထားသော်လည်း လှပသည့်လူငယ်လေးတစ်ယောက် သည်လည်းရွှတ်နောက်နောက်အပြုံး တစ်ခုနှင့်သူ့နောက်ကနီးနီးကပ်ကပ် လိုက်လာခဲ့ကာနှုတ်ခမ်းကိုလျှာဖြင့် လျှက်လိုက်ရင်းအနက်ရောင်ဝတ် ပုံသဏ္ဍာန်ပျောက်ကွယ်သွားသည် အားကြည့်၍သူ့အင်္ကျီလက်စကိုခါ လိုက်ကာလျိုဝှက်မြေထဲသို့မကြာခင် လိုက်ပါဝင်ရောက်ပျောက်ကွယ် သွားတော့သည်။

အစကနေအဆုံးထိထိုလူနှစ်ယောက် အားမည်သူမျှသတိမပြုမိသလို လျိုှ့ဝှက်နယ်မြေကလည်းသူတို့ ဝင်ရောက်သွားသည်ကိုတားဆီးခြင်း အလျင်းမရှိခဲ့ချေ။

လျို့ဝှက်နယ်မြေထဲတွင်....

လင်ရွှမ်းဇီနှင့်တစ်ခြားသူတို့မြေပေါ်သို့ ဆင်းသက်လိုက်သည့်တစ်ခဏမှာပဲ မိုးရွာနေတာနဲ့ကြုံတွေ့လိုက်ရသည်။

လူများကတစ်ယောက်ပြီးတစ်ယောက် အော်ဟစ်နေကြကာသူတို့အုပ်စုအပြင် တစ်ခြားတပည့်တော်တော်များများ လည်းထိုနေရာသို့ရောက်ရှိလာကြ၏။

များပြားလှသည့်ကြီးမားသောအနက် ရောင်တိမ်တိုက်ကြီးများကလည်း ကောင်းကင်မျောလွင့်နေပြီးကြည့်ရတာ မကောင်းဆိုးဝါး၏ပွင့်ဟနေသောမေး ရိုးကြီးလိုပင်။မိုးကလူတိုင်းအပေါ်သို့ ကျဆင်းနေပြီးထိုမိုးရေကသူတို့ကို ထိတဲ့အချိန်မှာလူတိုင်းနာကျင်မှုအ နည်းငယ်ကိုခံစားကြရသည်။

ရှန်ရူပင်းကချီနံရံတစ်ခုအလျင်အမြန် တည်ဆောက်လိုက်ပြီးမိုးကိုတားဆီး လိုက်သော်လည်းမကြာခင်မှာထိုမိုးက အပြင်ဘက်ကမိုးနဲ့မတူပဲသူမရဲ့ကျင့်ကြံ ဆင့်နဲ့တောင်ရိုးရိုးရှင်းရှင်းတားဆီးလို့မ ရဘူးဆိုတာတွေ့ရှိသွားသည်!

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now