Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု

4.5K 1K 49
                                    

Unicode

အခန်း(၂၂၅) - ချီအာ့ရဲ့လက်စားခြေမှု

အဲ့ဒီအချိန်မှသာထိုထူးဆန်းတဲ့မိုးက တကယ်တော့အဂ္ဂီရတ်ပညာရှင်ရဲ့ သက်ရှိသတ္တဝါအားလုံးအားအကျိုး ဖြစ်ထွန်းစေသည့်ဆေးမိုးဖြစ်ကြောင်း သိခဲ့ရသည်။

နောက်ပိုင်းမှာရှန်ချောင်းကွန်း၊ဆုဇစ်ရှင် တို့နှင့်အတူဒီထူးဆန်းတဲ့တောင်ပေါ်ဂူထဲ ဝင်ခဲ့ဲကြသည်။

ထိုအချိန်တုန်းကသူတို့ည(၁၁)နာရီနှင့် မနက်(၁)နာရီကြားမှာဝင်ရောက်ခဲ့တာ ဖြစ်သဖြင့်သူတို့ထိုအသေးစားအသွင် ပြောင်းအရိုးနဂါးနှင့်မဆုံခဲ့ဲကြရပေ။ ထိုအသေးစားအသွင်ပြောင်းအရိုးနဂါး ကဘယ်လိုပုံစံအတိအကျရှိလဲဆိုတာ ကိုတောင်သူတို့မျက်လုံးနဲ့မမြင်ခဲ့ကြရ ဘူးဖြစ်သည်။

သူ့ရဲ့ယုံကြည်မှုကိုရရှိနိုင်ရန်ဖြစ်ရင်ဖြစ် မဟုတ်ရင်သူတို့ရှန်မိသားစုရဲ့နက်ရှိုင်း သောအုတ်မြစ်ကိုပြသရန်ရှန်ချောင်းကွန်း ကကမ္ဘာပေါ်၌မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာကြာပြီဖြစ်သည့်ဒီအသေးစား အသွင်ပြောင်းအရိုးနဂါးနတ်ဆိုးသားရဲ ကိုဖြေရှင်းရမယ့်နည်းလမ်းနှင့်တိုက်ခိုက် နိုင်မည့်ပုံစံများကိုရှင်းပြပေးခဲ့သည်။

ထို့ကြောင့်လည်းဒီလျို့ဝှက်အခန်းကို ကြိုတင်ဖွင့်မိသွားတဲ့အချိန်တုန်းက လင်ရွှမ်းဇီသည်လည်းကြိုတင်ပြင် ဆင်ပြီးသားဖြစ်သောကြောင့်သိပ်ပြီး မစိုးရိမ်ခဲ့ခြင်းပင်။

ဒါ့အပြင်—

ရှန်ရူပင်းသည်လည်းဒီအသေးစား အသွင်ပြောင်းအရိုးနဂါးကိုယဇ်ပူဇော် ဖို့အမျိုးသားတစ်ယောက်နဲ့အမျိုးသမီး တစ်ယောက်လိုအပ်တယ်ဆိုတာကို သိနေတာဖြစ်နိုင်သည်ကိုပဲစိုးရိမ်မိသည်; ဒါ့ကြောင့်လည်းသူမကချီစန်းအား အသေးစားအသွင်ပြောင်းအရိုးနဂါးရဲ့ ပါးစပ်ထဲအကြောင်းအရင်းမရှိကျပန်း ပစ်ထုတ်လိုက်ခြင်းဖြစ်လိမ့်မည်။

သွမ့်ယွီယန်ကလင်ရွှမ်းဇီရဲ့စကားများ ကိုခဏမျှစဉ်းစားနေပြီးမှတော်တေ်ာ လေးရှုပ်ထွေးစွာဖြင့်မျက်မှောင်ကျုံ့ ကာမေးလာသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now