Chapter(242) - အမှားအယွင်း

4.5K 1K 83
                                    

Unicode

အခန်း(၂၄၂) - အမှားအယွင်း

လင်ရွှမ်းဇီသည်သူ့အဖေနှင့်အရင်း နှီးဆုံးဖြစ်သောဒီလင်မိသားစု အကြီးအကဲကိုကြည့်လိုက်ပြီး စကားလုံးတိုင်းအားရှင်းရှင်း လင်းလင်းပြောလိုက်သည်။

"စတုတ္တအကြီးအကဲ,အားဟန်နဲ့ ကျွန်တော်ကဒီဘဝတစ်သက်တာ မှာတော့ခွဲခွာဖို့လုံးဝမဖြစ်နိုင်ပါဘူး .....ကျွန်တော်ကသူ့အတွက်အသက် ရှင်သန်နေတာပြီးတော့အကယ်၍ ကျွန်တော်သူ့အတွက်သေဆုံးပေး ရမယ်ဆိုရင်တောင်ဘာဖြစ်လဲ? အနာဂတ်ဟောသူကသူ့ဘဝ တစ်လျှောက်လုံးအခက်အခဲတွေ အများကြီးတွေ့ကြုံရပြီးအဆုံးသတ် မှာတစ်ယောက်တည်းပဲအထီးကျန်ရ မယ်လို့ဟောခဲ့တယ်ဒါပေမဲ့ကျွန်တော် တာအိုကိုဆန့်ကျင်ပြီးသူ့ကံကြမ္မာ ကိုပြောင်းလဲပေးဖို့ကိုအတင်းအကြပ် လုပ်မှာပဲ...အကယ်၍ကျွန်တော်ထာဝရ အန္တာရယ်ထဲမှာပဲနေရမယ့်အခြေအနေ မှာမရေမတွက်နိုင်တဲ့နာကျင်ခက်ခဲမှု တွေတွေ့ကြုံခံစားရမယ်ဆိုရင်တောင် ဒါမှမဟုတ်မရေမတွက်နိုင်လောက် တဲ့ကာလပေါင်းများစွာသေဆုံးပေးရ မယ်ဆိုရင်တောင်ကျွန်တော်နောင်တရ မှာမဟုတ်ဘူး"

လင်လျိုချွန်းသည်အံ့အားသင့်သွား ရသည်။ဒီလိုအသက်ဆယ့်ရှစ်နှစ် တောင်မပြည့်သေးတဲ့လူငယ်လေး တစ်ယောက်ကတစ်ခြားလူတစ် ယောက်အတွက်ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းလိုကိစ္စမျိုးကိုပြော ထွက်လာမယ်လို့မမျှော်လင့်ခဲ့မိပေ။

သူ့ကိုဘာကပိုပြီးထိတ်လန့်စေလဲ ဆိုတာကတော့ဒီလူငယ်လေးက လင်ရွှမ်းဇီဖြစ်နေတာပဲ,သူမြင်ဘူး သမျှထဲမှာခံစားချက်မရှိဆုံးလူ
တစ်ယောက်

အမှန်ပဲ,လင်ရွှမ်းဇီကအမြဲတမ်း ခံစားချက်မရှိတဲ့လူတစ်ယောက် ဖြစ်ခဲ့တာဖြစ်တယ်...အကယ်၍ သူ့ရင်ထဲမှာအချစ်ဆိုတဲ့အရာရှိ နေရင်တောင်အဲ့ဒါကသက်ရှိသတ္တဝါ တွေအားလုံးအတွက်ထားတဲ့ကြီးမား တဲ့မေတ္တာတရားသာဖြစ်လိမ့်မယ်, ဒီလိုသေးငယ်တဲ့အချစ်မျိုးတော့ သေချာပေါက်မဟုတ်ဘူး

လင်လျိုချွန်းသည်ရုတ်တရက် လင်ရွှမ်းဇီမွေးဖွားခဲ့တဲ့နေ့ကိုပြန် သတိရသွားမိသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now