Chapter(211) - The Reason Within

4K 957 52
                                    

Unicode

အခန်း(၂၁၁) - The Reason Within

ကျုံးလီရှန်ကသူ့မျက်ခမ်းကို မြှင့်လိုက်လေသည် 

"မင်းတကယ်ကိုပြောရဲတာပဲ"

'တိုက်ရိုက်တပည့်'နဲ့ 'နာမည်ခံတပည့်'ဆိုတဲ့ခေါင်းစဉ်များ ၏အနေအထားနှင့်အခြေအနေက အလွန်ကွာခြားသည်;တိုက်ရိုက်တပည့် ဆိုတာသူတို့ဆရာသခင်ရဲ့အမွေကိုအမွေ ဆက်ခံရမည့်သူများဖြစ်တာကြောင့် သူတို့ကိုအထူးပြုဂရုတစိုက်ရွေးချယ် ရသည်။

လင်ရွှမ်းဇီကပေါ့ပေါ့ပါးပါး သာပြန်ပြောသည်။

"ဘာဖြစ်လို့လဲဆိုတော့အားဟန်က ထိုက်တန်တယ်လေ...မဟုတ်ရင် ခင်ဗျားကိုယ်တိုင်ဒီကိုဆင်းလာမှာ မဟုတ်ဘူး"

ကျုံးလီရှန်၏အဆင့်အတန်းမှ အကြီးအကဲများကသူတို့အမှန် တကယ်ဂရုမစိုက်လျှင်မသိသော တပည့်တစ်ဦးအပေါ်အချိန်တစ်မိနစ် တောင်ဖြုန်းတီးမှာမဟုတ်ပေ။

ကျုံးလီရှန်ကငြင်းပယ်ခြင်းမရှိပဲ ခေါင်းညိမ့်ပြသည်။

"မင်းခန့်မှန်းတာမှန်တယ်...ငါ့မှာအဲ့ဒီ ရည်ရွယ်ချက်တကယ်ကိုရှိတယ်...သူက သူ့မီးဖိုတွေကိုဖောက်ခွဲပစ်တယ်ဆိုပေမယ့် သူ့ပါရမီစွမ်းရည်ကထူးခြားပြီးရှားပါးတယ်"

"အဲ့ဒါကြောင့်အားဟန်အနေနဲ့အခုချိန်မှာ ခင်ဗျားနောက်လိုက်ဖို့မသင့်တော်သေးဘူး..တစ်စုံတစ်ယောက်ကသူ့ကိုတိတ်တဆိတ် စော်ကားမှာကျုပ်စိတ်ပူတယ်"

လင်ရွှမ်းဇီက၎င်းကိုနှိုင်းယှဉ်မရသော တည်ငြိမ်မှုနှင့်တစ်ချက်ခြင်းဆီခွဲခြမ်း စိတ်ဖြာပြသည်။

"ခင်ဗျားလက်အောက်ကနာမည်ခံ တပည့်တွေအားလုံးကခင်ဗျားငြင်းပယ် လို့မရခဲ့တဲ့သြဇာအာဏာရှိတဲ့မိသားစု ကလူတွေကြီးပဲအကယ်၍ခင်ဗျားက ကိုယ့်ဘာသာကိုယ်တောင်စိတ်ကျေနပ် သလိုမလုပ်နိုင်တာဘယ်လိုလုပ်အားဟန် ကအဲ့ဒီလူတွေကိုသူ့ဘာသာသူကိုယ် တွယ်နိုင်ပါ့မလဲ?"

အဆိုပါအကြောင်းပြချက်ကအလွန် ကိုရိုးရှင်းလှသည်:ကျုံးလီရှန်ရဲ့ပိုင်းခြား သိမြင်မျက်စိအားဖြင့်အသိအမှတ်ပြု မခံခဲ့ရတဲ့အစွမ်းထက်အဂ္ဂီရတ်ပညာ ရှင်များစွာရှိသည်။ထို့ကြောင့် ယန်ထျန်းဟန်လိုနာမည်မရှိအဆင့် အတန်းတစ်ခုမရှိတဲ့သူကဒီလိုရိုးရှင်း တဲ့ခြည်နှောင်မှုတစ်ခုနဲ့တက်သွားနိုင် ဖို့ဘယ်လိုအခွင့်အရေးရှိမှာလဲ?

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now