Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း

2.6K 690 43
                                    

Unicode

အခန်း(၃၁၆) - ဆေးလုံးမီးဖိုသန့်စင်ခြင်း

လင်ရွှမ်းဇီက တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး သန့်စင်သည့် ကုန်ကြမ်းများ ထုတ်ယူလိုက်ကာ တစ်ခုပြီးတစ်ခု လေ့လာလိုက်သည်။

ထိုပစ္စည်းများသည် အမျိုးအစား စုံလင်လှပြီး ပုံစံအမျိုးမျိုး ကွဲပြားကြသည်။ ကွဲပြားတဲ့ အစီအစဉ်များနဲ့ ပေါင်းစပ်မှုအပြင် မတူညီတဲ့ သန့်စင်မှု နည်းလမ်းများ အသုံးပြုလိုက်သောအခါ ထူးခြားတဲ့ ဂုဏ်သတ္တိနဲ့ အသုံးဝင်မှုများရှိသော မှော်ရတနာများ ဖြစ်လာနိုင်သည်။

ဘာသန့်စင်ရမလဲ?

အားဟန်လည်း အခုတစ်လော ဘာမှ လိုအပ်ပုံမပေါ်ဘူး...ဒါပေမဲ့ အားလုံးကို အစားထိုးဖို့ အချိန်တန်နေတဲ့ပုံလည်း ပေါ်တယ်

ဆံထိုး၊ အဝတ်အစား၊လက်ကောက်တွေနဲ့ သိုလှောင်အိတ်တွေ လိုမျိုး.....

အင်း, ကြည့်ရတာ သူ့လက်ရှိ စွမ်းရည်နဲ့ဆိုရင် သိုလှောင်အိတ်တော့ မလုပ်နိုင်လောက်သေးဘူး

လင်ရွှမ်းဇီက မေးခွန်းများကို စဉ်းစားပြီးနောက်မှာ အဆုံးတွင် ယန်ထျန်းဟန်အတွက် အဆိပ်ဆေးလုံးများ သန့်စင်ရာတွင် အထူးတလှယ် အသုံးပြုနိုင်သည့် ဆေးလုံးမီးဖို ထွင်းထုရန် ဆုံးဖြတ်လိုက်သည်။

သူတို့တောင်အောက် ဆင်းတုန်းက လင်ရွှမ်းဇီသည် ချင်းကျူအား ထိုဆေးလုံးမီးဖိုမျိုးကို ရှာဖွေခိုင်းခဲ့သော်လည်း ကောင်းမွန်တဲ့ ဆေးလုံးမီးဖိုမျိုးက အလွယ်တကူ မရောင်းချပေ။ လေလံပွဲများမှာ ရောင်းချတဲ့ ဆေးလုံးမီးဖိုများ၏ စတင်ဈေးနှုန်းသည်လည်း လင်ရွှမ်းဇီတတ်နိုင်တာမျိုးမဟုတ်

ထို့ကြောင့်လင်ရွှမ်းဇီက ဆေးလုံးမီးဖို သန့်စင်ရာတွင် လိုအပ်သည့် ပစ္စည်းများကိုသာ ဝယ်ယူခဲ့လိုက်တော့သည်။

ယန်ထျန်းဟန်အတွက် အစောပိုင်းတုန်းက ထွင်းထုပေးခဲ့သည့် ဆေးလုံးမီးဖိုမျိုးကိုတော့ သူသန့်စင်ပေးလို့ မဖြစ်တော့ပေ။ အရင်တစ်ခေါက် သူသန့်စင်ခဲ့သည့် ဆေးလုံးမီးဖိုက အဂ္ဂီရတ်ပညာရှင် အများစုအတွက် အလွန် အဆင်ပြေသော်လည်း ယင်မီးဖိုကိုသာ အသုံးပြုရမယ့် ယန်ထျန်းဟန်အတွက်တော့ မသင့်တော်ဘူးဖြစ်နေသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now