Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း

3.5K 880 101
                                    

Unicode

အခန်း(၂၈၇) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း

နစ်မြှုပ်ဓားတောင်ထွတ်,လေပြင်းတောင်စွန်း

လင်ရွှမ်းဇီသည်တစ်နေ့တာအတွက်လေ့ကျင့်မှုပြီးစီးသွားလေပြီ။သူ့ခန္တာကိုယ်ပေါ်မှာတော့ထက်ရှတဲ့လေပြင်းနဲ့သစ်ရွက်ချွန်ထက်ထက်များဆီမှရတဲ့ဖြတ်ရာများပြည့်နှက်နေသည်။သူ့မျက်နှာပေါ်မှာတောင်ဒဏ်ရာအသစ်တစ်ချို့ရှိနေ၏။

နာရီအနည်းငယ်ကြာပြီးနောက်,လင်ရွှမ်းဇီရဲ့အဝတ်အစားများကယိုယွင်းလာပြီးသူ့ခန္တာကိုယ်ထဲမှဝိညာဉ်ချီများသည်လည်းကုန်ခမ်းလုနီးပါးဖြစ်လာသည်။

သို့သော်လည်းလင်ရွှမ်းဇီသည်သူ့ခံနိုင်ရည်အားနဲ့ခွန်အားများတိုးပွားလာသည်ကိုတကယ်ပဲခံစားရတာကြောင့်ငြီးငြူမနေပေ။

"ကျစ်,ကျစ်,ဒီနေ့လည်းမင်းမျက်နှာကိုနောက်တစ်ခေါက်ထပ်ထိလာပြန်ပြီ,အဲ့ဒါကငါ့နှလုံးသားကိုအရမ်းနာကျင်စေတယ်....မြန်မြန်လုပ်,ပြီးရင်စီနီယာအကိုကြီးကိုရှာပြီးဆေးတစ်ချို့လိမ်းထားလိုက်"

လေပြင်းတောင်စွန်းကနေလင်ရွှမ်းဇီထွက်လာသည့်တစ်ခဏမှာပင်ဝမ်ရိထုန်ကသူ့နားကိုလျှောက်လာသည်။

လင်ရွှမ်းဇီရဲ့မျက်နှာပေါ်မှာသွေးစွန်းနေတာကိုမြင်သောအခါဝမ်ရိထုန်ကသဘောမတူချင်ဟန်ဖြင့်မထိန်းချုပ်နိုင်စွာပင်သက်ပြင်းချ၏။

"မင်းကတကယ်ကိုစွမ်းလွန်းပါတယ်...ပေ့ရှစ်ထျန်းတောင်လေပြင်းတောင်စွန်းမှာလေ့ကျင့်တာခုနှစ်ရက်လောက်ကြာပြီးတော့ဆက်တောင့်မခံနိုင်တော့ဘူး....မင်းကဒီမှာဆယ်ရက်ဆက်တိုက်လေ့ကျင့်နိုင်တယ်ပြီးတော့နေ့တိုင်းလည်းအဲ့ဒီမှာဆယ်နာရီလုံးလုံးနေတာ"

ထိုပြင်းထန်ရက်စက်တဲ့လေပြင်းတွေသစ်ရွက်ချွန်တွေအပြင်ကိုလေပြင်းတောင်စွန်းရဲ့ရာသီဥတုကလည်းတစ်ရက်တည်းမှာတင်အေးစိမ့်ခဲတောက်နေတဲ့ဆောင်းရာသီဖြစ်လိုက်ပူလောင်ပြင်းပြနေတဲ့နွေရာသီဖြစ်လိုက်နဲ့ပြောင်းလဲနေတာပင်။ဒါ့အပြင်ထိုရာသီဥတုအခြေအနေကအဆုံးစွန်အခြေအနေမျိုးမှာရှိတာကြောင့်သာမာန်လူတွေရဲ့သည်းခံနိုင်မှုထက်ရိုးရိုးရှင်းရှင်းပင်ကျော်လွန်နေသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now