Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့

3K 678 29
                                    

Unicode

အခန်း(၃၃၈) - ဂျူနီယာညီငယ်လေး ကျင်းလော့

ဘယ်သူမှ အကြောင်းအရင်းမရှိပဲ ဘုရားကျောင်းကို ရောက်လာပေ။ အထူးသဖြင့် လင်ရွှမ်းဇီက သူ့ဓားစွမ်းရည်ကို လေ့ကျင့်နေတဲ့ အချိန်မှာပေါ့။ ဒီအချိန် ပေါ်လာသည့် ကျန်ဖုန်းထင်ရဲ့ တည်ရှိမှုက သူ့မှာ အရေးကြီးတဲ့ အရာတစ်ခုကို ပြောဖို့ ရှိနေသည်ဟု ဆိုလိုနိုင်သည်။

သေချာပေါက်ပင် ကျန်းဖုန်းထင်က သူ့ကို လာအကြောင်းကြားခြင်းပင်။

"ကျိုးပျက်ဓားတောင်ထွတ်က ပေ့ချောင်မော့က လာလည်မယ်ဖြစ်ကြောင်း သတင်းပို့ပြီးတာနဲ့ မင်းခြံဝင်းအပြင်ဘက်ကို ရောက်လာတယ်, တိုက်တိုက်ဆိုင်ဆိုင် ငါဖြတ်သွားတဲ့အချိန် မြင်လိုက်တာကြောင့် မင်းကိုလာအကြောင်းကြားတာ"

လင်ရွှမ်းဇီရဲ့ မျက်လုံးများက အနည်းငယ် မြင့်တက်သွားသည်။

"အကြီးဆုံး ဆရာတူအကိုကြီးကို ကျေးဇူးအများကြီးတင်ပါတယ်, ကျွန်တော်ချက်ချင်း သွားလိုက်ပါ့မယ်"

"ဒါပေမဲ့ သူတစ်ယောက်တည်း လာတာမဟုတ်ဘူး"

လင်ရွှမ်းဇီက သူ့ခြေလှမ်းများကို ရပ်တန့်လိုက်မိသည်။

"ဘယ်သူပါသေးတာလဲ?"

"မင်းရဲ့ အရင်ဂျူနီယာညီငယ်လေး ကျင်းလော့"

လင်ရွှမ်းဇီက ထိုလူငယ်လေးအကြောင်း လူတွေပြောတာ မကြားရတာ ကြာပြီဖြစ်ပေမယ့် ကျင်းလော့အကြောင်းကို မေ့သွားရတဲ့အထိတော့ မဟုတ်ပေ။

ကျိုးပျက်ဓားတောင်ထွတ်မှာ လင်ရွှမ်းဇီ ရှိနေစဉ်တွင် သူ့အဆင့်က စတုတ္ထအဆင့်ဖြစ်သည်။ သူ့အောက်မှာ ဂျူနီယာညီငယ်လေး တစ်ယောက်တည်းပဲ ရှိပြီး ထိုလူက — ကျင်းလော့ပင်။

ကျင်းလော့အကြောင်းပြောရရင် ဒါက လင်ရွှမ်းဇီနဲ့ နည်းနည်းတော့ သက်ဆိုင်တယ်— မဟုတ်ဘူး, နည်းနည်းလေး မဟုတ်ဘူး

ထူးချွန်သည့် မိသားစုမှ မဟုတ်သည့် တပည့်များကို လက်ခံခြင်းက ကျိုးပျက်ဓားတောင်ထွတ်၏ ပုံစံ မဟုတ်ပေ။ သို့သော်လည်း ကျင်းလော့က ချွင်းချက်တစ်ခုဖြစ်သည်။ အကြောင်းကတော့ သူက လင်ရွှမ်းဇီအပြင်မှာ အတွေ့အကြုံယူရန် သွားစဉ်က ခေါ်လာတဲ့သူ ဖြစ်သောကြောင့်ပင်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now