Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်

2.3K 555 16
                                    

Unicode

အခန်း(၃၆၇) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်

လင်ရွှမ်းဇီက ရယ်သည်။

"အဲ့ဒီမှာ တကယ့်ကို အများကြီး ရှိနေပြီ အဲ့ဒါကြောင့် ငါတောင် သူတို့ကို ထုတ်ပြီး ရောင်းမလားလို့"

ယန်ထျန်းဟန်က 'အာ' ဟု အသံလေး ပေးလိုက်ပြီး ပြန်ပြောသည်။

"ဒါဆို ကျွန်တော် သူတို့ကို သိုလှောင်အိတ်ထဲ ထည့်ပြီး အပြင်ထုတ်လာခဲ့လိုက်မယ်။ ဒီနေ့ပဲ တောင်အောက်မှာ သွားရောင်းကြမယ်နော်။ ဒီလောက် အများကြီးတော့ ကျွန်တော် တကယ် သည်းမခံနိုင်ဘူး"

ထိုဖြူဖွေးပြီး တုတ်ခဲနေသည့် ပိုးကောင်များက အနက်ရောင် မြေဆီလွှာပေါ်မှာ တစ်ရွရွ သွားနေသည့် မြင်ကွင်းသည် ကြည့်တာနဲ့တင် ယန်ထျန်းဟန်ရဲ့ တစ်ကိုယ်လုံးကို အပ်လေးတွေ ပင်လေးတွေနဲ့ ထိုးနေသလို ခံစားရသည်။

လင်ရွှမ်းဇီက ပြန်ဖြေ၏။

"ကောင်းပြီလေ"

မူလက ဝိညာဉ်ပင်များ ရိတ်သိမ်းချင်သည့် ယန်ထျန်းဟန်မှာ မြက်မျိုပိုးကောင်များရဲ့ အရေအတွက်ကို တွက်ချက်ပြီးနောက် သူတို့ကို အရင် ထုတ်ပိုးဖို့ ဆုံးဖြတ်လိုက်တော့သည်။

ဒီလောက် များပြားတဲ့ မြက်မျိုပိုးကောင်တွေက ဒီစိုက်ခင်းရဲ့ ခံနိုင်ရည်ထက် ကျော်လွန်နေပြီး သူတို့ အရေအတွက်ကလည်း ဆက်တိုက် တိုးပွားနေတာ။ အာကာသရဲ့ ဝိညာဉ်စိုက်ခင်းက သူတို့ အကုန်လုံးကို မတတ်နိုင်ဘူးလေ။

မြက်မျိုပိုးကောင်များက ပေါင်းပင်များကိုသာ စားသုံးသော်လည်း အခုချိန်မှာ ပေါင်းပင်များအား မမြင်ရတော့ပေ။ တစ်နေ့မှာ ဝိညာဉ်ပင်တွေကိုပါ စားလာမလား ဆိုတာ ဘယ်သူသိမှာလဲ?

ဒါကိုတွေးမိတော့ ယန်ထျန်းဟန်မှာ မနေနိုင်စွာပင် ကြိုတင် ရင်နာလာမိလာကာ ထိုမြက်မျိုပိုးကောင်များအား ကမန်းကတန်းဖြင့် လိုက်ဖမ်းတော့လေသည်။

ခဏလောက် အကြာမှာတော့ အိတ်ကြီးအပြည့် မြက်မျိုပိုးကောင်များအား ဖမ်းဆီးလို့ ရသွား၏။ စိုက်ခင်းတစ်ခုကို မြက်မျိုပိုးကောင် ခြောက်ကောင်သာ ကျန်တော့တဲ့ အချိန်မှသာ စိတ်လက်ကျေနပ်စွာ ထွက်သွားတော့သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now