Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး

4.2K 993 33
                                    

Unicode

အခန်း(၂၂၇)  အသေးစားအသွင်ပြောင်းအရိုးနဂါး

ယန်ထျန်းဟန်မှာစိုးရိမ်ကြောက်လန့်မှု တစ်ချို့ရှိနေသည်။သူလင်ရွှမ်းဇီကို နောက်တစ်ဖန်ပြန်ကြည့်လိုက်တဲ့အချိန် မှာတော့သူ့မျက်လုံးထဲကဒေါသထွက်မှု အားလုံးကစိုးရိမ်ပူပန်မှုများနဲ့အစား ထိုးသွားရသည်။

"ဘာလို့သူကကျွန်တော်တို့ကို သတ်ချင်ရတာလဲ?" ယန်ထျန်းဟန်ကမေးလိုက်သည်။

"အဓိကအချက်ကတော့သူမက ဆေးလုံးကန့်သတ်လျို့ဝှက်နယ်မြေ ကအကျိုးအမြတ်တွေကိုလူတွေ အများကြီးနဲ့မခွဲဝေချင်လို့ပေါ့"

သွမ့်ယွီယန်ကဒေါသတကြီးပြန်ပြောသည်။

"မုန်းစရာကောင်းလိုက်တာ...ဂုဏ်သရေ ရှိတဲ့ငါတကယ်အဲ့ဒီဆိုးသွမ်းတဲ့မိန်းမ ကိုသတ်ပစ်ချင်တယ်!"

"အကယ်၍မင်းသူ့ကိုသတ်လိုက်မယ် ဆိုရင်အဲ့ဒီအကျိုးအမြတ်တွေကို ဘယ်သူမှမရနိုင်တော့ဘူး" လင်ရွှမ်းဇီကနူးညံ့သိမ်မွေ့စွာ တုန့်ပြန်ပြောလိုက်သည်။

သွမ့်ယွီယန်ကသူ့မျက်လုံးများကို လှည့်ုလိုက်တော့၏။"ဂုဏ်သရေရှိတဲ့င ါကဒီအတိုင်းပဲပြောလိုက်တာပါဟ"

"ဒါဆိုအဲ့ဒီအကျိုးအမြတ်ဆိုတဲ့ အရာကဘာတွေမို့လို့လဲ?" ယွမ်ထျန်းဝမ်ကမေးလိုက်သည်။

"အကျိုးအမြတ်တွေကတော့ တော်တော်များတယ်ဒါပေမဲ့ငါက အာကာသအဆင့်ဆေးလုံးနဲ့ Hepta-Brilliant Sacredမီးကိုပဲလိုချင်တာ"

ယွမ်ထျန်းဝမ်နှင့်သွမ့်ယွီယန်တို့ နှစ်ယောက်လုံးတစ်ချိန်တည်းလိုလို လေအေးများရှုလိုက်မိတော့သည်။ ဒီလိုလျို့ဝှက်နယ်မြေမှာအာကာသ အဆင့်ဆေးလုံးရှိတယ်ဆိုတာကတော့ ပုံမှန်ပဲလို့သတ်မှတ်လို့ရသော်လည်း အဂ္ဂီရတ်လောကမှာနဝမအဆင့်ထိ သတ်မှတ်ခံရသည့် Hepta-Brilliant Sacred မီးပါရှိနေတာတဲ့လား?

ယန်ထျန်းဟန်ရဲ့မျက်လုံးများက မြင့်တက်သွားရသည်။

"အဖေအဲ့ဒီလိုမီးမျိုးကိုတစ်ခါပြော တာကြားဘူးတယ်...အဲ့ဒါအိမ်မက် ထဲမှာတောင်အဂ္ဂီရတ်ပညာရှင်တွေ တောင့်တရတဲ့ကောင်းကင်ဘုံ မီးတောက်မျိုးဆို!အဲ့ဒီမီးတောက်ကို သာလူတစ်ယောက်ကသန့်စင်လိုက် မယ်ဆိုရင်ဒုတိယမရှိလောက်အောင် ကြီးကျယ်မြင့်မြတ်တဲ့အဂ္ဂီရတ်ပညာ ရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်!"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now