Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ

2.2K 518 13
                                    

Unicode

အခန်း(၃၆၉) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ

လင်ရွှမ်းဇီရဲ့ အမူအယာက ပြောင်းလဲမှု မရှိပေ။ သူ့ရင်ထဲမှာတော့ ဒါကြောင့်ကိုးဟုသာ တွေးမိသည်။

ဒီအတိုင်းဆိုရင် ဘာလို့ တုချီယင်းက နက်ရှိုင်းကောင်းကင်ဂိုဏ်းမှာစိတ်ကျေနပ်သလို လုပ်ခွင့်ရနေလဲဆိုတာနဲ့ အရင်က သူ့အပေါ်မှာ အရမ်းကောင်းခဲ့သော တာအိုအရှင် ရီသောက်က တုချီယင်းအပေါ် အလွန်အမင်း တန်ဖိုးထားလာခြင်း၏ ရုတ်တရက် ပြောင်းလဲမှုအား ရှင်းပြလို့ ရသွားလေပြီ။

လင်ရွှမ်းဇီကခေါင်းညိတ်ပြလိုက်သည်။'

"ဒီလျှို့ဝှက်ချက်က အသုံးဝင်တယ်"

အနည်းဆုံးတော့ သူ့ရဲ့ အကြီးမားဆုံး ရန်သူအကြောင်း သိထားခြင်းက ပိုကောင်းမှုတွေအဖြစ် ပြောင်းလဲနိုင်တယ်လေ။ အခုဆို ကျန်းချန်ကျစ်ကို ပိုမိုသတိထားနိုင်ပြီး အောင်မြင်နိုင်ခြေလည်း ပိုများလာလိမ့်မည်။

ထုန်လဲ့က ပြုံးလိုက်သည်။

"တုချီယင်းက ဇီဂဲဓားကို ဘယ်မှာထားလဲ ဆိုတာလည်း ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော် ကူညီပြီး မရှာပေးရင်တောင် ခင်ဗျားမှာ ဓားနဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းရှိမှာပါ"

လင်ရွှမ်းဇီက ပြန်ဖြေသည်။

"မင်းရဲ့ အကူအညီနဲ့ ရှာရင်တော့ ပိုပြီး အဆင်ပြေတာပေါ့"

သူနဲ့ ဇီဂဲဓားကြားက သဘောတူညီမှု ပမာဏက အပြင်မှာယုံကြည်နေကြသည့် ကောလဟာလလောက် မမြင့်မားဘူး ဆိုတာအား သူထုန်လဲ့ကို ပြောမှာ မဟုတ်ပေ။

ဇီဂဲဓားအား ဓားအိမ်ထဲကနေ ဘယ်တော့မှ မထုတ်ခဲ့သည့် အကြောင်းအရင်းသည် သတ်ဖြတ်ရမှာကို ကြောက်လို့ မဟုတ်သလို သနားကြင်နာမှု ရှိလွန်းလို့လည်း မဟုတ်ပဲ ဓားကို ဆွဲထုတ်လိုက်ပြီး နောက်ပိုင်း နောက်ဆက်တွဲ အကျိုးဆက်များက သူထိန်းချုပ်လို့ မရတဲ့ အရာဖြစ်မလားဆိုတာ မသိတာကြောင့်သာ ဖြစ်သည်။

အမှန်ပဲ, ဇီဂဲဓားက သူ့ဓားဖြစ်ပြီး သူတို့ကြားမှာ ဆရာနဲ့ စိတ်ဝိညာဉ်ကြား စာချုပ်ရှိနေလို့ အချင်းချင်း အာရုံခံနိုင်ပေမယ့်လည်း သူ ထိုဓားကို နှစ်ပေါင်းများစွာ ကြာသည်အထိ လုံးလုံးလျားလျား မအောင်နိုင်သေးဘူး။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now