Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။

2.3K 488 13
                                    

Unicode

အခန်း(၃၇၆) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။

"အဲ့ဒါက တွန်းအားပေးထားတယ်လို့တော့ ပြောလို့ မရဘူး။ ငါက စိတ်လိုလက်ရ နေနေခဲ့တာမို့လို့"

ချင်းကျူက အလေးအနက် ပြောလာပြီး သူ့အမူအယာက မှုန်မှိုင်းနေသည်။

"အကယ်၍ ငါသာ လျှိုမိသားစုမှာ အချိန်တစ်ချို့ထိ အတူတူ နေပေးမယ်ဆိုရင် အချိန်ရောက်လာတဲ့အခါမှာ ငါနဲ့အတူ နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ကို လိုက်ခဲ့ပေးမယ်လို့ ကတိပေးထားတယ်"

လင်ရွှမ်းဇီက ဗလာဖြစ်စွာပင် စိုက်ကြည့်နေသည်။

"အစ်ကိုကြီး ချင်းကျူ, အစ်ကို ဒီလို လုပ်စရာ မလိုပါဘူး။ အကယ်၍ အစ်ကိုသာ ဆန္ဒ မရှိဘူးဆိုရင် စိတ်ပူနေစရာ မလိုဘူး ဒီအတိုင်း သူ့ကို လစ်လျူရှုပစ်လိုက်"

ချင်းကျူက ပြုံးလေသည်။

"ငါက ကိုယ်ကျိုးစွန့် အနစ်နာ ခံနေတာ မဟုတ်ပါဘူး။ တကယ်တော့လည်း အခုရက်တွေမှာ သူက ငါ့ကို တစ်ခုခု လုပ်ချင်တဲ့ ဆန္ဒ မရှိဘူးလေ။ အဲ့ဒါတင် မကဘူး သူနဲ့ငါက အချင်းချင်း အမြတ်ထုတ်နေတယ်လို့ ယူဆလို့ရတယ်။ သူက အရင်တုန်းကလည်း နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ကို သွားဘူးတာမို့လို့ လုံးဝ ငါ့ကြောင့်ကြီးပဲတော့ မဟုတ်ဘူး။ အဲ့ဒါက ငါတို့ဘာလို့ အတူတူ ရှိနေနိုင်လဲ ဆိုတာပဲ"

ယန်ထျန်းဟန်မှာ ဘာပြောရမှန်းပင် မသိတော့ပေ။ သူက ခဏလောက် စဉ်းစားလိုက်သည်။

"အစ်ကိုကြီး ချင်းကျူ, လောလောဆယ်မှာ လျှိုမုံချန်က နက်ရှိုင်းဘုံရဲ့ မူလပြန်လာအဆင့် အထွတ်အထိပ် အဆင့်မှာ ရှိနေတယ် ဒါပေမဲ့ သူ့ရဲ့ အဲ့ဒီ ကျင့်ကြံဆင့်ကြောင့် နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ထဲကို ဝင်လို့ မရဘူးလေ"

ယန်ထျန်းဟန်သိသလောက်၊ နက်ရှိုင်းဘုံအဆင့် အောက်ရှိ ကျင့်ကြံသူသာလျှင်  နတ်ဆိုးသားရဲ အင်္သေချေတောအုပ် အတွင်းသို့ ဝင်ရောက်နိုင်တာဖြစ်ပြီး လူတိုင်း၏ ကျင့်ကြံမှုသည် ပဏာအဆင့် ၏ ခိုင်မာသော အရိုး အဆင့်သို့ ရောက်အောင် ဖိနှိပ်ခံရမည်ဖြစ်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now