Chapter(346) - မျက်နှာသာ မပေးဘူး

2.6K 611 14
                                    

Unicode

အခန်း(၃၄၆) - မျက်နှာသာ မပေးဘူး

တုချီယင်းမှာ စိတ်ထဲ အတွေးများတွေးမိရင်း သူ့အမူအယာကို မထိန်းနိုင်တော့ပေ။

မင်းက ယန်ထျန်းဟန်နဲ့ နီးစပ်တယ်ဆိုတာ ဘယ်သူက မသိလို့လဲ, ပြီးတော့ ညီအစ်ကိုနှစ်ယောက်က ဟိုးတုန်းကတည်းက တွဲနေကြပြီ ဆိုတဲ့ အတင်းအဖျင်းတွေတောင် ရှိနေတဲ့ဟာကို.....အကယ်၍ မင်းသာ တောင်းဆိုမယ်ဆိုရင် လိုချင်တာ ဘာမဆို ယူလို့ရနေတာများ

နေဦး, ဘာမဆိုယူလို့ရနိုင်တယ်?

တုချီယင်းရဲ့ အမူအယာက ပြောင်းလဲသွားသည်။ သူသည် ဂိုဏ်းသခင်က လင်ရွှမ်းဇီအား နက်ရှိုင်းကောင်းကင်ဂိုဏ်းထံ ပြန်ဝင်ခွင့် ပြုလိုက်သည့် ကိစ္စနဲ့ မဟာအကြီးအကဲ ဟွိုင်ယွီက သူ့အတွက် ဘယ်အရာက ကောင်းမလဲ မသိပဲသူတို့ဘက်ကနေ ကြင်ကြင်နာနာ ပို့ပေးလိုက်သော အဂ္ဂီရတ်ပညာရှင် အငယ်လေးအား ငြင်းဆန်ခဲ့သည့် ကိစ္စအပေါ် အတော်လေး အကျေမနပ် ဖြစ်နေခဲ့တာဖြစ်သည်။ အဲ့ဒီအစားသူက ပါရမီမှာ သုံညဖြစ်နေတဲ့ အသုံးမကျတဲ့ ယန်ထျန်းဟန်ကိုပဲ လက်ခံလိုက်တယ်လေ။

လင်ယွီရိုက အရှေ့တက်လာပြီး လင်ရွှမ်းဇီအား စကားစပြောလာသည်။

"ရွှမ်းဇီ, အနည်းဆုံးတော့ စီနီယာအကိုကြီးတုက နင်နဲ့ဆို ဆရာတစ်ယောက်တည်း လက်အောက်က ဂိုဏ်းတူအကိုကြီးပဲလေ, အားဟန်နဲ့ ဒီလောက်ဆက်ဆံရေး ကောင်းနေတာပဲဟာကို အကယ်၍ တစ်ခုခု လိုအပ်ရင်တောင် သူက နင့်ကိုပေးမှာ သဘာဝပဲ, ငါတို့အဲ့ဒီဝိညာဉ်ဆေးပင်တွေကို တကယ်လိုအပ်နေပြီး သုံးမှလည်း ဖြစ်မှာမို့လို့ပါ, လင်မိသားစုရဲ့ မျက်နှာကိုထောက်ပြီး နင်ငါတို့ကို ကူညီပေးသင့်တယ်"

လင်ရွှမ်းဇီမှာ သူ့ရင်ထဲ နှာခေါင်းမရှုံ့ပဲ မနေနိုင်တော့ပေ။

သူမက တကယ်ကြီး လင်မိသားစုရဲ့ မျက်နှာကိုပါ ထုတ်ပြောလာတဲ့အထိ လွန်လွန်းတာပဲ

လင်ရွှမ်းဇီက ပေါ့ပေါ့ပါးပါးသာ တုန့်ပြန်သည်။

"လင်မိသားစုရဲ့ မျက်နှာတဲ့လား ; ငါလို မိသားစု သခင်လေးကတောင် အဲ့ဒါကို မသုံးတဲ့ဟာကို မင်းကတော့ ဒီလောက် အလွယ်တကူ သုံးနေတာပဲ"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now