Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ

2.2K 514 9
                                    

Unicode

အခန်း(၃၇၄) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ

ချင်းကျူရဲ့ ကျယ်လောင်လှသည့် အသံက လင်ရွှမ်းဇီနားက လူများအားလုံးကို ရှင်းရှင်းလင်းလင်း ကြားသွားစေပြီး မျက်လုံးအစုံ များစွာက လျှိုကျောက်ယွဲ့ဘက် ရောက်သွားတော့သည်။

လျှိုကျောက်ယွဲ့, "......"

"ဒီအခြေအနေက ဘာလဲဟ?"

လျှိုကျောက်ယွဲ့၏ မျက်နှာက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ သူက အပြစ်ကင်းစွာဖြင့် လက်ဖြန့်ပြလေသည်။

"ကျွန်တော်လည်း ဘာတွေဖြစ်နေမှန်း မသိဘူးနော်။ ကျွန်တော့ အစ်ကိုကြီးက တော်တော်လေး လျောက်ပတ်တဲ့ လူတစ်ယောက်ပါ။ အကယ်၍ အကြောင်းအရင်း မရှိဘူးဆိုရင် အရပ်သားတစ်ယောက်ကို ဖမ်းဆီးထားသွားသလိုမျိုး ပြည်သူ့ကျင့်ဝတ်ကို ထိခိုက်စေတဲ့ လုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး!"

ကျန်းယွင်ရှီမှာ နှုတ်ခမ်းထောင့်များအား မတွန့်ချိုးပဲ မနေနိုင်တော့ပေ။

"မင်း ပေါက်ပေါက်ဖောက်နေတာကို ရပ်လိုက်လို့ ရမလား? ဘယ်သူမှ အရပ်သားတစ်ယောက်ကို ဖမ်းထားတယ်လို့ မပြောဘူး ဒါပေမဲ့ ကြည့်ရတာ မင်းအစ်ကိုကြီးက လျှိုမိသားစုအိမ်ထဲမှာ လူကို ချုပ်နှောင်ထားပုံပဲ"

လျှိုကျောက်ယွဲက အနည်းငယ်ရှက်သွားပြီး လင်ရွှမ်းဇီအား အပြစ်ရှိစိတ်လေးဖြင့် နှစ်ကြိမ်ပြုံးပြလိုက်သည်။

"ဒါက နားလည်မှုလွဲတာ ဖြစ်မှာပါ။ နားလည်မှု လွဲတာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့ အတူတူ ပြန်ပြီး ဘာတွေဖြစ်နေလဲ ကြည့်လိုက်ရင်ရော?

လင်ရွှမ်းဇီသည် လျှိုကျောက်ယွဲ့ကို ကြည့်ရတာ ဒါတွေအားလုံးကို သိဟန်မတူတာကြောင့် သံသယစိတ်ဖြင့် မေးလိုက်သည်။

"မတိုင်ခင်က ချင်းကျူ ဘယ်သူလဲ ဆိုတာ မင်းသိလား?"

လျှိုကျောက်ယွဲ့က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းခါလိုက်သည်။

"ကျွန်တော်သူ့နာမည်ကို အခုတစ်လောကမှ ကြားဖူးတာ။ ကျွန်တော့်အစ်ကိုကြီးတော့ တစ်ခါမှ ထုတ်မပြောဖူးဘူး။ သူနဲ့ ကျွန်တော့်အစ်ကိုကြီးတို့ အတိတ်တစ်ခုခု ရှိဖူးလား ဆိုတာလည်း ကျွန်တော် မသိဘူး"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now