Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား

4K 925 46
                                    

Unicode

အခန်း(၂၁၈) - ဖန့်ဖေးနှင့်လင်းဟွား

စကားအများကြီးပြောလို့လည်း ကောင်းတာမရှိဘူးလေ..ဒီနေ့လင်ရွှမ်းဇီ ရဲ့အပြုအမူကတကယ့်ကိုပြင်းထန်တယ် ထို့ကြောင်လည်းသွမ့်ယွီယန်မှာမနေနိုင် ပဲစတင်သံသယဝင်လာမိသည်မှာ လင်ရွှမ်းဇီ ရဲ့လုပ်ရပ်များနောက်ကွယ်တွင် နက်ရှိုင်းတဲ့အဓိပ္ပါယ်တစ်ချို့များ ရှိနေမလားဟု... မဟုတ်ရင်လင်ရွှမ်းဇီရဲ့အကျင့် စရိုက်အရသူ့ချစ်ခင်ကြင်နာတဲ့သူ များအားသူ့ရန်သူများမှနာကျင် စေသည်ကိုကြည့်နေမည့်သူမဟုတ်ပေ။

လူသုံးယောက်နှင့်ကျားနှစ်ကောင်တို့ တောင်ခြေသို့အလျင်အမြန်ပဲရောက်ရှိ လာကြသည်။ထိုနေရာမှာသစ်ပင်ပန်းမာန် မျိုးစုံနှင့်လတ်ဆတ်တဲ့သစ်သီးဝလံများ ဖြင့်ပြည့်နှက်နေသည်မှာတစ်ချက်ကြည့် တာနဲ့တင်ထိုတောင်ကစိမ်းလန်းစိုပြေပြီး စွမ်းအင်ပြည့်ဝနေသည်ကိုမြင်နိုင်သည်။

အားပိုင်နှင့်ဟူပိုတို့ကတောင်တစ်ဝိုက် စူးစမ်းရှာဖွေသည့်နေရာမှာကျွမ်းကျင် သူများပင်ဖြစ်သည်။ဟူပိုကအမိန့်ရလိုက် သည်နှင့်တစ်ပြိုင်နက်တောင်ပေါ်သို့ တက်ကာပျောက်ကွယ်သွားခဲ့ပြီးလမ်း ကြောင်းတစ်လျှောက်မီးခိုးတန်းလေး သာကျန်ခဲ့သည်။သို့သော်အားပိုင်က တော့ယန်ထျန်းဟန်လက်ထဲမှာသာ ကျန်ခဲ့ပြီးမရပ်မနားတုန်ယင်နေ၏။

ယန်ထျန်းဟန်ကအားပိုင်ရဲ့သနားစရာ အသွင်အပြင်အားမြင်သောကြောင့် နတ်ဆိုးမွှေ့လျော်သီးအားထုတ်ကာ အားပိုင်ကိုပေးလိုက်သည်။အားပိုင်က နတ်ဆိုးမွှေ့လျော်သီးအားသူ့ပါးစပ်ဖြင့် ကိုက်ထားလိုက်ပြီးချက်ချင်းသူ့ကိုယ်ကို ဆွဲမပြီးခေါင်းကိုခါယမ်းလိုက်ရင်း ယန်ထျန်းဟန်မျက်နှာပေါ်ရေများဖြန်း လိုက်တော့သည်။

အချိန်ခဏအတွင်းဟူပိုပြန်ရောက် လာသည်။

"အာဝုဝု!"

ဟူပိုကယန်ထျန်းဟန်ဆီစိတ်လှုပ်ရှား စွာပြေးလာပြီးယန်ထျန်းဟန်ရဲ့မျက်လုံး ကမြင့်တက်သွားရကာသွမ့်ယွီယန်အား သတင်းပေးလိုက်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now