Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု

2.6K 655 30
                                    

Unicode

အခန်း(၃၁၅) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု

မဟာအကြီးအကဲ လန်ယွဲ့ရော ဒီကိစ္စကို သိနေမလား ဆိုတာ သူမသိဘူး။

လင်ရွှမ်းဇီကတော့ မဟာအကြီးအကဲ လန်ယွဲ့က ဒီကိစ္စကို မသိလောက်ဘူးဟုသာ တွေးမိသည်။

မဟုတ်ရင် ပေ့ရှစ်ထျန်းကို ဒီလောက်အကြာကြီး တစ်ယောက်တည်း လွှတ်ထားမှာ မဟုတ်ဘူး။

လင်ရွှမ်းဇီသည် သွေးအရသာကို မြည်းလိုက်ရတာကြောင့် ဓားအိမ်ထဲကနေ ဆက်တိုက် ထိုးထွက်ဖို့ ကြိုးစားနေသည့် လျှန်လျှန်အား ဓားရိုးကို လက်ချောင်းလေးဖြင့် ပုတ်ပေးရင်း ချော့မြူလိုက်သည်။

ဓားကျင့်ကြံသူနဲ့ ဓားများရဲ့ ကြားထဲမှာ တစ်ခြားသူ မခံစားရနိင်သည့် နားလည်မှုတစ်ခု ရှိသည်။ ဓားကျင့်ကြံသူနဲ့ ဓားများတွင် တိကျတဲ့ နားလည်မှုတစ်ခု ရရှိပြီး အချင်းချင်းရဲ့ အတွေးအမြင်တွေကို အပြန်အလှန် နားလည်နိုင်တဲ့အခါမှာ လူသားနှင့် ဓားတို့ကြားတွင် စည်းလုံးညီညွှတ်သည့် နယ်ပယ်တစ်ခု ဖြစ်ပေါ်လာပေမည်။

သို့သော်လည်း လင်ရွှမ်းဇီက အခုချိန်ထိ ထိုအဆင့်ကို မရောက်သေးပေ။

ဒါပေမဲ့လည်း အဲ့ဒါက လင်ရွှမ်းဇီအား လျှန်လျှန်ရဲ့ သတ်ဖြတ်ချင်စိတ်တွေ၊ ဝမ်းနည်းပူဆွေးမှုတွေ၊ဒေါသတွေနဲ့ ကူကယ်ရာမဲ့မှုတွေကို ဖိနှိပ်မှုကြားထဲကနေ ခံစားနေရသည်အား မတားဆီးနိုင်။

လင်ရွှမ်းဇီသည် တစ်ခေါက်လောက်တော့ ပေ့ရှစ်ထျန်းနဲ့ဖြစ်ဖြစ် ပေ့ချောင်မော့နဲ့ဖြစ်ဖြစ် ဆွေးနွေးဖို့ လိုအပ်နေပြီဟု ခံစားရသည်။

လေပြင်းတောင်စွန်း၏ တစ်ဟူးဟူး တိုက်ခတ်နေသည့် လေပြင်းများနှင့် မှုန်မှိုင်းမှုများ ကြားထဲမှာ ရေခဲအမှန်အမွှားများကပါ ပျက်ဆီးမှုများကို လုပ်ဆောင်နေသည်။ ဂူပေါက်ဝမှာ ရပ်နေတဲ့အချိန်ဆိုရင် လူတွေရဲ့ ခြေထောက်များကိုပင် ပျော့ပြောင်းသွားသလို ခံစားရစေသည်။

လင်ရွှမ်းဇီသည် လေပြင်းတောင်စွန်းမှာ တစ်ညလုံး တစ်ခါမှ မနေဘူးခဲ့ပေ။ ညအချိန်မှာ လေပြင်းတောင်စွန်းက ဘယ်လိုပုံစံဖြစ်နေမလဲ သူမသိဘူး။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now