Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်

1.9K 433 35
                                    

Unicode

အခန်း(၃၉၆) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်

ယီရှန်ဘိုးဘေးနဲ့ ကျွော့်ရှန်ဘိုးဘေးတို့က မကောင်းမှုများစွာကို နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့ပြီး လောကမင်းဆက်၏ ဧည့်သည်များလည်း ဖြစ်ခဲ့ကြသည်။ သဘာဝအားဖြင့်၊ သူတို့သည် ထိုနှစ်များအတွင်းမှာ သိသိသာသာကို မြင့်မားသော အဆင့်အတန်းကို ရရှိခဲ့ကြ၏။ ယန်ထျန်းဟန်နဲ့  အခြားသူများသည် ၎င်းတို့ပေါ်တွင် သိုလှောင်အိတ်ခြောက်လုံးကို ရှာဖွေတွေ့ရှိရုံသာမက အိတ်များမှ မရေမတွက်နိုင်သော အသုံးအဆောင်ပစ္စည်းများဖြစ်သည့် သန်းပေါင်းများစွာသော ရွှေအပိုင်းအစများ၊ နက်ရှိုင်းအဆင့် ဆေးပုလင်း နှစ်လုံးနဲ့ အခြားဆေးပြားအမျိုးအစားများကိုလည်း စုဆောင်းခဲ့သည်။ စိတ်ဓာတ်ခွန်အားနှင့် ဝိညာဉ်ကို ဖြည့်တင်းပေးသည့်အပြင် ကုသဆေးများနှင့် အခြားအရာများလည်း ပါဝင်ပေသည်။

သို့သော်၊ အရာအားလုံးထဲတွင် အရှားပါးဆုံးက လူ၏ခန္ဓာကိုယ်ကို ဖုံးကွယ်နိုင်သည့် မှော်ရတနာတစ်ခုပင်။ ၎င်းက လက်ကောက်တစ်ကွင်းနဲ့ ဆင်တူပြီး လက်ကောက်ဝတ်တွင် ဝတ်ဆင်သည့်အခါ အသက်သွင်းနိုင်သည်။

အကုန်လုံး ဆွေးနွေးတိုင်ပင်ပြီးနောက်မှာ  ရွှေအပိုင်းအစများနှင့် ဆေးပြားများကို ၎င်းတို့ကြားတွင် အညီအမျှ ခွဲဝေပေးမည်ဖြစ်ပြီး ဝိညာဉ်ပင်များအားလုံးကိုတော့ ယန်ထျန်းဟန်အား ပေးအပ်သွားမှာဖြစ်သည်။ မှော်ရတနာကိုတော့ လင်ရွှမ်းဇီကို ပေးထားသော်လည်း သူလေ့လာဖို့ အချိန်ရတာနဲ့ ၎င်းတို့အတွက် အလားတူ မှော်ရတနာများကို ပြုလုပ်ပေးရမှာပင်။

အကုန်လုံးက လုယူလို့ ရသမျှအား ပျော်ရွှင်စွာ မျှဝေနေကြပြီး ယန်ထျန်းဟန်မှာတော့ အလွန်အမင်း ပျော်ရွှင်ဝမ်းမြောက်၍ အူမြူးနေသည်။

ဘာပဲပြောပြော သူဒီကို ခရီးထွက်လာကတည်းက သူ့အိပ်ကပ်က ဖောင်းကားလာခဲ့တာ—ဒါတွေကို အသက်ရှင်ရက် သယ်ထုတ်နိုင်ပါမလား ဆိုတာတော့ မစဉ်းစားထားပေမယ့်ပေါ့

"အခုချိန်ကစပြီး ငါတို့ပိုပြီး သတိထားရမယ်" လင်ရွှမ်းဇီက ပြောသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now