Chapter(268) - အားဟန်ရဲ့ကံကြမ္မာ

4K 815 16
                                    

Unicode

အခန်း(၂၆၈) - အားဟန်ရဲ့ကံကြမ္မာ

ဒါပေမဲ့လည်းအဲ့ဒီလိုဓားမျိုးတောင်ပေ့ရှစ်ထျန်းရဲ့လက်ထဲရောက်တော့သွေးစွန်းပြီးညစ်ညမ်းသွားရသည်။

မဟာအကြီးအကဲလန်ယွဲ့ကသူ့တပည့်တွေကိုဘယ်တုန်းကမှနစ်မြှုပ်ဓားတောင်ထွတ်ကနေထွက်ပြီးအပြင်ဘက်အတွေ့အကြုံယူတာတို့သူတို့ကိုယ်သူတို့ကြိုက်သလိုလေ့ကျင့်ပေးတာမျိုးတို့အားမတားမြစ်ဘူးပေ။

သူတပည့်တွေကလွတ်လွတ်လပ်လပ်နေထိုင်ပြီးသူတို့ရဲ့ကိုယ်ပိုင်ရှင်သန်နေထိုင်မှုအားရှာဖွေခြင်းကိုနှစ်သက်သည်။

ပေ့ရှစ်ထျန်းကအပြင်သို့မကြာခဏထွက်တဲ့သူတွေထဲကတစ်ယောက်ဖြစ်ပြီးအချိန်တိုင်းလည်းအချိန်အတိုင်းအတာတစ်ခုထိပျောက်သွားတတ်သည်။အားလုံးရှေ့မှာသူပြန်ပေါ်လာတဲ့အချိန်မှာတော့'လျှန်လျှန်'အပေါ်ကသွေးများနှင့်သတ်ဖြတ်ငွေ့သန်းနေသည်ကခြွင်းချက်မရှိပိုနက်ရှိုင်းလာရတော့၏။

ပေ့ရှစ်ထျန်းကိုဘာလုပ်ခဲ့လဲလို့ဘယ်သူမှမမေးခဲ့ပေမယ့်သူကောင်းတာတစ်ခုမှမလုပ်လာဘူးဆိုတာတော့သေချာသည်။

နစ်မြှုပ်ဓားတောင်ထွတ်မှလူတိုင်းဓားသိုင်းကိုကျင့်ကြံကြသည်။သူတို့ထဲကတစ်ချို့ကဟိုင်ခွမ်းလောင်လိုမျိုးဓားသိုင်းကိုအရံအဖြစ်သာကျင့်ကြံသူများလည်းရှိနေပေမယ့်ပေ့ရှစ်ထျန်းရဲ့လျှန်လျှန်ကသူမရဲ့မူလမျှော်လင့်ချက်ကိုပိုပိုပြီးဆုံးရှုံးလာတာကိုတော့လူတိုင်းတစ်ချက်ကြည့်တာနဲ့မြင်နိုင်ဆဲပင်။အဆုံးမှာတော့လျှန်လျှန်ကငွေဖြူရောင်ကနေသွေးနီရောင်အဖြစ်ပြောင်းလဲသွားရတော့သည်။ထိုပုံစံကိုမြင်ပြီးနောက်မဟာအကြီးအကဲလန်ယွဲ့မှာသက်ပြင်းသာချ၏။

"လျှန်လျှန်ကမင်းနဲ့မသင့်တော်တော့ဘူး"

ပေ့ရှစ်ထျန်းကသူ့နှုတ်ခမ်းကိုကိုက်ပြီးလျှန်လျှန်ကိုဖက်တွယ်ကာပြန်ပြောသည်။

"ကျွန်တော်သင့်တော်တဲ့ဓားကိုရှာတွေ့ရင်လျှန်လျှန်ကိုသခင့်ဆီပြန်ပေးပါ့မယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now