Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်

4.4K 998 86
                                    

Unicode

အခန်း(၂၁၄) - လျို့ဝှက်မြေသို့ဝင်ပေါက်

ယန်ထျန်းဟန်ကပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည့်ရှန်ရူပင်းနဲ့ လင်ရွှမ်းဇီအားငေးကြည့်နေမိသည်။ သူတို့နှစ်ယောက်ကြားထဲကမရှင်းလင်း တဲ့ဆက်ဆံရေးကိုပြန်စဉ်းစားကြည့်မိ တော့သူ့နှလုံးသားကတစ်စုံတစ်ခုနှင့် ဖိသိပ်လိုက်သလိုမျိုးချက်ချင်းခံစား ရပြီးသူ့ကိုချောင်းဆိုးသွားစေသည်။ ဘာလို့လင်ရွှမ်းဇီဆီမှာလက်ထပ်ရ မယ့်သူရှိနေတယ်လို့သိရခြင်းကသူ့ကို ဒီလိုမျိုးစိတ်ပျက်လက်ပျက်ဖြစ်စေပြီး ဝမ်းနည်းစေမိမှန်းသူတကယ်ပဲနား မလည်နိုင်ပေ။ဒါပေမဲ့လင်ရွှမ်းဇီဆီမှာ တစ်နေ့နေ့တော့သူ့ထက်ပိုပြီးစိတ်ပူရ မယ့်တစ်စုံတစ်ယောက်ရှိလာလိမ့်မယ် ဆိုတာသူနားလည်သည်။

ယန်ထျန်းဟန်မှာထိုအကြောင်းတွေး လိုက်တာနဲ့ဝမ်းနည်းလွန်းလို့သူ့ခေါင်း ကိုသာဖက်ပြီးငိုလိုက်ချင်သည်။သို့သော် တစ်ချိန်တည်းမှာသူ့ရဲ့စိတ်အလိုမကျမှု နောက်မှာသူခံစားရသည့်အရာက ဗလာဖြစ်မှုနှင့်ကူကယ်ရာမဲ့မှုပင်ဖြစ်သည်။

ဘာလို့သူဒီလိုဖြစ်နေတာလဲ? သူဘာလုပ်ရမလဲ?

သွမ့်ယွီယန်ကထိုအရာကိုအဝေးမှ လှမ်းကြည့်ပြီးမနေနိုင်ပဲလျှာကို
ကိုက်မိသည်

"အဲ့ဒီသခင်မလေးရှန်ကတော်တော်ကို ကြည့်လို့ကောင်းတာပဲငါအဲ့ဒီကိုသွားပြီး သူမနဲ့သွားတွေ့ရင်ကောင်းမလား?"

"သူမ,ကြိုက်တဲ့သူကလင်ရွှမ်းဇီ" ရှာလကာရည်တွေပြည့်နှက်နေသည့် အသံတစ်ခုကသွမ့်ယွီယန်ရဲ့နားနောက် ကနေထွက်ပေါ်လာသည်။သွမ့်ယွီယန် မှာကြောက်လန့်သွားမိပြီးသူလှည့် ကြည့်လိုက်တဲ့အချိန်မှာစိတ်မရှည် လက်မရှည်မျက်နှာကိုချိတ်ဆွဲထား သည့်ယွမ်ထျန်းဝမ်အားမြင်လိုက်ရ၏။

"ခင်ဗျားဘာလို့ဒီရောက်နေတာလဲ?"သွမ့်ယွီယန်ကတော်လေးအံ့အားသင့် သွားမိသည်။

"ဒီမှာကိုယ့်မိန်းမကိုလိုက်ဖို့လာတာလေ" ယွမ်ထျန်းဝမ်ကခါးသက်စွာပြန်ဖြေသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now