Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း

3.8K 883 62
                                    

Unicode

အခန်း(၂၇၂) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း

ဟိုင်ခွမ်းလောင်ကသက်ပြင်းချရင်းခေါင်းညိတ်သည်။

"ဒီကမ္ဘာကြီးမှာအဲ့ဒါကိုညီအစ်ကိုအချစ်လို့ထင်နေတဲ့လူကစီနီယာအကိုကြီးတစ်ယောက်တည်းပဲဖြစ်နေမှာကိုစိုးမိတယ်ဗျာ"

ဝမ်ရိထုန်ကလည်းသဘောတူသည်။

"အကြီးဆုံးစီနီယာအကိုကြီးလိုမျိုးသန့်စင်တဲ့လူကအများကြီးမရှိဘူးလေ"

ကျန်းဖုန်းထင်, "......."

ဒီကောင်စုတ်လေးကသူ့ကိုဖော်ပြဖို့'သန့်စင်တယ်'ဆိုတဲ့စကားကိုသုံးတယ်ပေါ့လေ?

ဒိကောင်ကတော့တကယ့်ကိုရိုသေလေးစားမှုမရှိတာပဲ!

ကျန်းဖုန်းထင်ကနှစ်ယောက်လုံးကိုအပြုံးမမည်သောအပြုံးတစ်ခုဖြင့်စိုက်ကြည့်လိုက်သည်။

"အဲ့ဒါကဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေမင်းတို့ကောင်တွေနဲ့ဘာမှမသက်ဆိုင်ဘူး၊ရွှမ်းဇီကမင်းတို့ရဲ့ဂျူနီယာညီလေးဖြစ်နေတုန်းပဲ"

"ဘယ်သူကမဟုတ်ဘူးပြောနေလို့လဲ?" ဟိုင်ခွမ်းလောင်ကမကောင်းကြံနေဟန်ဖြင့်သူ့မေးကိုလက်နဲ့ထိရင်းဆက်ပြောသည်။

"ရွှမ်းဇီရဲ့အနိုင်ကွက်ကိုကိုင်ထားနိုင်မယ့်တစ်စုံတစ်ရာရှိလာတဲ့နေ့ရှိလာမယ်လို့မထင်ထားခဲ့မိဘူးပဲ"

ဝမ်ရိထုန်ကစုံတွဲသီချင်းဆိုနေသလိုမျိုးသံယောင်လိုက်သည်။

"အဲ့ဒီ'သူ့အနိုင်ကွက်ကိုင်ထားနိုင်တယ်'ဆိုတာကတကယ့်ကိုစိတ်ကျေနပ်ဖို့ကောင်းတယ်"

"တော်ကြတော့,ကိုယ်လုပ်စရာရှိတာကိုပဲလုပ်ကြ...အတူတူရှိတာနဲ့အတင်းတွေပဲတုတ်မနေကြနဲ့မင်းတို့ကကြက်တူရွှေးတွေလည်းမဟုတ်ပဲနဲ့" ကျန်းဖုန်းထင်ကပြောရင်းနဲ့ဝမ်ရိထုန်ကိုတစ်ဆက်တည်းမေးသည်။

"ညစာချက်ဖို့အကူအညီလိုသေးလား?"

"သေချာပေါက်လိုတာပေါ့!" ဝမ်ရိထုန်ကမျက်လုံးကိုပြူးကျယ်ပြရင်းနဲ့ချဲ့ကားပြောသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now