Chapter(386) - ဖြေဆေးသန့်စင်ခြင်း

1.9K 481 18
                                    

Unicode

အခန်း(၃၈၆) - ဖြေဆေးသန့်စင်ခြင်း

"အားဟန်, ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ကိရိယာက ဘယ်သူမဆို ရနိုင်တဲ့ အရာမဟုတ်ဘူး"

လင်ရွှမ်းဇီက စိတ်ရှည်လက်ရှည် ရှင်းပြသည်။

"အကယ်၍ အဲ့ဒါကို ငါနဲ့အတူ ယူလာလို့ရရင် အရင်ဆုံး လုပ်မယ့် အလုပ်က အားဟန်ကို ပေးသုံးတာပဲ။ အကယ်၍ မရဘူးဆိုရင်လည်း ချက်ချင်း ပြန်ထွက်လာမှာ ကိုယ့်ကိုကိုယ် အန္တာရယ်များတဲ့ အခြေအနေဆီ ဘယ်တော့မှ ဆွဲမသွင်းပါဘူး...."

"ကျွန်တော် ဂရုမစိုက်ဘူး"

ယန်ထျန်းဟန်က နှုတ်ခမ်းလေး ဆူရင်းဖြင့် လင်ရွှမ်းဇီရဲ့ စကားများအား ကြားဖြတ်လိုက်သည်။

"အမြီးကိုးချောင်း နတ်မြေခွေးက အစ်ကိုကြီးကို တကယ်ပဲ ဘယ်လိုစကားမျိုးတွေ ပြောသွားလို့လဲ? ဝိညာဉ်ချီ စုဆောင်းတဲ့ ဘယ်မှော်ရတနာကိုမှ ကျွန်တော် မလိုချင်ဘူး။ ကျွန်တော်က ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်းနဲ့ အစ်ကိုကြီး ဝေးဝေးနေတာကိုပဲ လိုချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့နှစ်ယောက်လုံး အတူတူ သွားရင်သွား မသွားရင် လုံးဝ မသွားဘူးပဲ။ အစ်ကိုကြီး တစ်ခုပဲ ရွေးချယ်လို့ရမယ်"

လင်ရွှမ်းဇီက ယန်ထျန်းဟန်ရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်၏။

"စိတ်မဆိုးပါနဲ့၊ အဲဒါက အရမ်းအရေးကြီးနေလို့ပါ၊ အရာအားလုံးထက် ပိုအရေးကြီးတယ်"

ယန်ထျန်းဟန်က မျက်မှောင်ကြုတ်ရင်း လင်ရွှမ်းဇီကို စိုက်ကြည့်လာသည်။

"ဘာက ဒီလောက် အရေးကြီးနေတာလဲ?"

လင်ရွှမ်းဇီက ရပ်တန့်သွားပြီးနောက်မှာ နူးညံ့စွာဖြင့် မေးလာသည်။

"အားဟန်, တိုက်ကြီးငါးတိုက်ရဲ့ လက်ရှိအခြေအနေ ဘယ်လိုဖြစ်လာတယ်ဆိုတာ သိလား?"

ယန်ထျန်းဟန်က ခေါင်းလေးခါပြသည်။

တိုက်ကြီးငါးတိုက်ကို ပိတ်ဆို့ထားတဲ့ အတားအဆီးက ဘယ်ကလာလဲ ဒါမှမဟုတ် ဘယ်လို ချိုးဖြတ်ရမလဲ ဆိုတာအား ဘယ်သူမှ မသိကြပေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now