Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။

2.3K 529 6
                                    

Unicode

အခန်း(၃၆၃) - မှော်ရတနာကို ရှာဖွေခြင်း။

တုချီယင်းသာ လင်ယွီရိုကို လက်မထပ်ပါက လင်မိသားစုတင်မကဘူး နက်ရှိုင်းကောင်းကင်ဂိုဏ်းက အကြီးအကဲများသည်ပင် သူ့ကို ဘယ်သူမှ အလွယ်တကူ လွှတ်ပေးကြမည် မဟုတ်ပေ။

ကျင့်ကြံရေး လောကမှာ အကျင့်စာရိတ္တ ကောင်းမွန်မှုကို အလွန်အလေးထားသည်။ အကယ်၍ အကျင့်စရိုက် မကောင်းပါက ကျင့်ကြံဆင့်မြင့်လာလေ လူ့လောကကို ခြိမ်းခြောက်မှု ပိုမိုကြီးမားလေလေပင်။

တုချီယင်းကို မိန်းမပွေသူဟု ခေါင်းစဉ်တပ်ခြင်းက သိပ်မဆိုးဝါးပေမယ့်လည်း တစ်စုံတစ်ယောက်ကို ကိုယ်ဝန်ရှီအောင် လုပ်ပြီးမှ တာဝန်မယူချင်တဲ့ နှလုံးသားမဲ့သူတစ်ယောက်အဖြစ် ကင်မွန်းတပ်ခံလိုက်ရမယ် ဆိုရင်တော့ သူ့အနေနဲ့ သုံးနှစ်အတွင်းမှာ စာရင်းလုပ်မည့် နက်ရှိုင်းကောင်းကင်ဂိုဏ်း၏ ရွေးကောက်ပွဲဝင်တစ်ယောက် မဖြစ်နိုင်တော့။

ဂိုဏ်းချုပ်တစ်ယောက် အဆင့်အတန်း ရှိသည့် ကျောင်ချန်ကျစ်သည်ပင် နက်ရှိုင်းကောင်းကင်ဂိုဏ်းမှာ တစ်ဦးတည်းသော အာဏာရှိ ပုဂ္ဂိုလ် တစ်ဦးမဟုတ်ပေ။ တောင်သခင်များနှင့် တစ်ခြားတောင်ထွတ် သုံးခုမှ အကြီးအကဲများက သူ့ကို အနီးကပ် စောင့်ကြည့်နေကြသည်သာ။ ယခင်တုန်းကတည်းက လင်ရွှမ်းဇီရဲ့ ကိစ္စရပ်များကို ဖုံးကွယ်ခဲ့တာကြောင့်လည်း နက်ရှိုင်းကောင်းကင်ဂိုဏ်းမှ အကြီးအကဲများစွာသည် ကျန်းချန်ကျစ်ကို မကျေမနပ် ဖြစ်နေကြသေးသည်။

အခုတစ်ကြိမ်မှာလည်း အကယ်၍ သူက တုချီယင်းဘက်က ဆက်လက် ရပ်တည်ပေးနေမယ်ဆိုရင် အကယ်၍ လင်မိသားစုကသာ ရုတ်ရုတ် သဲသဲ လုပ်လာပါက လူတိုင်းအတွက် ဆိုးဝါးစွာ အဆုံးသတ်သွားပေလိမ့်မည်။

တုချီယင်းက ခေါင်းငုံ့ထားရင်းဖြင့် ကိစ္စများကို သေသေချာချာ ဝေဖန်ဆန်းစစ်လိုက်သည်။ ထိုခဏလေးမှာ သူ့ကိုကြည့်ရတာ ဉာဏ်ကောင်းလာပုံရပြီး လင်ယွီရိုဆီမှာ ကလေးရှိသွားခြင်းက ကိစ္စများကို ဆုံးဖြတ်ပြီးသား ဖြစ်နေပြီမှန်း နားလည်လိုက်၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now