Chapter(368) - မျိုးစိတ်အသစ်

2.2K 537 9
                                    

Unicode

အခန်း(၃၆၈) - မျိုးစိတ်အသစ်

မဟာအကြီးအကဲ ဟွိုင်ယွီသည်လည်း စိတ်ပျက်လက်ပျက် ဖြစ်မသွားပေ။

"မင်းတို့တွေ နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ကို သွားမယ့်ရက်က သတ်မှတ်ပြီးနေပြီ ဆိုတော့ အချိန်တစ်ချို့လောက်ထိတော့ မတွေ့ပဲ နေကြဦး။ မင်းတို့ နှစ်ယောက်လုံး ကိုယ့်ရဲ့ အထွတ်အထိပ်ကို တိုးတက်ဖို့အတွက် ပင်ပင်ပန်းပန်း ကြိုးစားရမယ်။ အကယ်၍ အားဟန်သာ သူ့ကျင့်ကြံဆင့်ကို မာကျောတဲ့ခန္တာ ဒုတိယအဆင့်ကို မတတ်နိုင်ဘူးဆိုရင် မသွားရဘူး"

ယန်ထျန်းဟန်က ကြောင်အအ ဖြစ်သွားပြီး နားကြားမှားသလို ထင်လိုက်မိသည်။

"ဆယ်ရက်ကျော်အတွင်းမှာ ကျွန်တော့်ကို မာကျောတဲ့ခန္တာ ဒုတိယအဆင့်ဆီ တက်စေချင်နေတာလား? ဆရာ, ကျွန်တော်ထင်တာတော့ ဆရာက ကျွန်တော့်အပေါ် တစ်ခုခု နားလည်မှု လွဲနေလားလို့?"

သူက သူ့ဆရာရဲ့ စိတ်ထဲမှာ လင်ရွှမ်းဇီထက်ပိုပြီး ဉာဏ်ကြီးရှင် ဖြစ်နေလို့လား?

မဟာအကြီးအကဲ ဟွိုင်ယွီက နှာခေါင်းရှုံ့သည်။

"အနောက်ဘက်တောင်မှာ နေ့တိုင်း ဘာသွားလုပ်နေလဲ ဆိုတာ ငါမသိဘူး ထင်မနေနဲ့။ အဲ့ဒီမှာ ဖြစ်နေသမျှ အရာအားလုံး ငါသိတယ်။ အကြောင်းပြချက်မရှိဘဲ အလောင်းကောင် အပိုရုပ်သေးတစ်ရုပ် ရှိလာတာကို ငါမသိဘူးဆိုတာ ဖြစ်နိုင်မယ်လို့များ မင်းတကယ် ထင်နေတာလား?"

ယန်ထျန်းဟန်မှာ မျက်နှာပေါ်က အမူအယာအား မထိန်းနိုင်တော့ပဲ သူ့ကို ကြည့်ရတာ အနေခက် ရှက်ရွံ့သွားပုံပေါ်သည်။

"ဆရာ သိနေပြီ ဆိုမှတော့ ဘာလို့ ဘာမှ မသိသလို ဟန်ဆောင်နေရတာလဲ?"

ဟွိုင်ယွီက အေးအေးဆေးဆေး ပြန်ဖြေသည်။

"မင်းလို ယုန်ပေါက်လေးရဲ့ မျက်နှာကြောင့်သာ မဟုတ်ဘူးဆိုရင် ဒါမှမဟုတ် ဒီဆရာရဲ့ ခမ်းနားပြီး ပွင့်လင်းတဲ့ စိတ်ထားကြောင့်သာ မဟုတ်ဘူးဆိုရင် မင်းနဲ့ အဲ့ဒီ အလောင်းရုပ်သေးကို အစောကတည်းက တောင်ပေါ်ကနေ ပစ်ထုတ်လိုက်ပြီ– မင်းကိုလည်း ကြည့်ပါဦး, မမျှော်လင့်လောက်အောင်ကို နက်ရှိုင်းကောင်းကင်ဂိုဏ်းမှာတောင် အလောင်းရုပ်သေးရုပ်ကို ပျိုးထောင်ရဲတဲ့ သတ္တိရှိတယ်။ ဒါက သေဖို့ တောင်းဆိုနေတာ မဟုတ်ဘူးလား?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now