Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ

2.2K 477 7
                                    

Unicode

အခန်း(၃၇၉) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ

သို့သော်လည်း ၎င်းက စည်းတံဆိပ် တစ်ခုတည်းသာဖြစ်ပြီး ချိတ်ပိတ်ခံထားရသည့် စေတန်နတ်ဆိုးအား အပြီးသတ် သတ်ဖြတ်နိုင်တာမျိုး မဟုတ်ပေ။  နှစ်ပေါင်းထောင်သောင်းမက သို့မဟုတ် နှစ်သန်းပေါင်းရာနဲ့ချီအောင် နေအလင်းရောင်အား မြင်ခွင့်မရခြင်းသာ ရှိလိမ့်မည်။ တိုက်ဆိုင်မှုတွေ ကြုံတွေ့လာလို့ အချိန်မှန် နေရာမှန် တစ်ခုရောက်တဲ့ အချိန်မှာ တစ်ချို့ စေတန်နတ်ဆိုးများရဲ့ စည်းတံဆိပ်များက ပြေလျော့သွားတတ်ပြီး သူတို့အား ကမ္ဘာပေါ်သို့ နောက်တစ်ဖန် ပြန်လာနိုင်စေရန် ခွင့်ပြုပေးထား၏။

ထို့ကြောင့်လည်း တာအိုအင်္သေချေ ခေတ်အခါမှ အနန္တတန်ခိုးရှင်များသည် ကြီးမြတ်သော နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်းအား အဆင့်မြှင့်တင်လိုက်ခြင်းပင်။

သူတို့က စေတန်နတ်ဆိုးအသျှင်သခင်အား ဝိညာဉ်ချီ အနည်းပါးဆုံး နေရာမှာ မြှုပ်နှံထားလိုက်ပြီး အခင်းအကျင်းရဲ့ မျက်လုံးနေရာမှာ ဝိညာဉ်ချီ ပြန့်ကျဲစေသည့် မှော်လက်နက်ကို ထပ်ပေါင်းထည့်ထားလိုက်တာကြောင့် အခင်းအကျင်းထဲက ဝိညာဉ်ချီများအား ပျောက်ကွယ်သွားသည်အထိ ပိုမိုကျဲလာစေသည်။

အတိတ်တုန်းက ထိုသူသည် ကောင်းကင်ဘုံပေါ်က အဓိက နတ်ဆိုးတစ်ကောင် ဖြစ်ခဲ့ရင်တောင်မှ သူ့ကျင့်ကြံဆင့်က ထက်ဝက်လောက် လျော့ကျသွားမှာပင်။ ၎င်းကိုလည်း ဝိညာဉ်ချီနဲ့ ပြန်လည်ဖြည့်စွမ်းနိုင်ခြင်း မရှိတာကြောင့် ကျန်ရှိသည့် ကျင့်ကြံဆင့်များပါ တစ်ဖြည်းဖြည်းချင်းဆီ ကုန်ဆုံးသွားမှာဖြစ်သည်။

ရလဒ်အနေနဲ့ကတော့ စည်းတံဆိပ် ပိတ်ခံထားရတဲ့စေနတ်နတ်ဆိုးများအနေနဲ့ အနာဂတ်မှာ အခင်းအကျင်းကို ဖြိုခွင်းပြီး ထွက်လာနိုင်မယ် ဆိုရင်တောင် သူတို့ရဲ့ ကျင့်ကြံဆင့်က ကျင့်ကြံသူများရဲ့ ပြိုင်ဘက် ဖြစ်နိုင်လောက်တဲ့အထိ အင်အားရှိမှာ မဟုတ်တော့။ အဆုံးမှာတော့ စည်းတံဆိပ်ခတ်ခံထားရသည့် စေတန်နတ်ဆိုး အများစုသည် ၎င်းတို့၏ ကျင့်ကြံဆင့်များ ကုန်ဆုံးသွားတဲ့ အခါမှာ အခင်းအကျင်းထဲမှာပဲ အသတ်ခံလိုက်ရမှာဖြစ်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now