Chapter(302) - သဘောတူညီမှုရပြီ

2.9K 698 18
                                    

Unicode

အခန်း(302) - သဘောတူညီမှုရပြီ

လင်ရွှမ်းဇီနဲ့ ယန်ထျန်းဟန်တို့က တစ်ယောက်နဲ့တစ်ယောက် ကြည့်မိကြသည်။ အရိုးသားဆုံး ပြောရရင်တော့ ချီယွင်ရဲ့စကားတွေက အဓိပ္ပါယ်မရှိတာတော့ မဟုတ်ဘူးဟု သူတို့တွေးမိကြသည်။

သူတို့လေးတွေက အတွေ့အကြုံ အရမ်းနည်းပါးနေသေးသည်လေ။ ကျားပေါက်လေးနှစ်ကောင်က ယန်ထျန်းဟန်ရဲ့ သားလေးတွေလို ပျိုးထောင်ခံခဲ့ရတာကြောင့် အစားအသောက် မရှားပါးသလို နေ့တိုင်း ကစားနေ၍သာ နေကြသည်။ ဒါ့အပြင် သူတို့လုပ်ချင်သလိုလည်း လုပ်ကြသေးသည်။

အားပိုင်နဲ့ဟူပိုတို့ကို ယန်ထျန်းဟန်ကပဲ ခေါ်လာခဲ့ခြင်းပင်။ ပြောကြသလိုပဲ ; အိမ်မွေးတိရိစ္ဆာန်လေးတွေက သူတို့ရဲ့သခင်နဲ့ဆင်တူကြသည်။ ကျားပေါက်လေးနှစ်ကောင်နဲ့ ယန်ထျန်းဟန်တို့က သဘာဝတစ်ချို့မှာ အတော်လေး ဆင်တူကြသည်။ သူတို့အကုန်လုံးက ကျင့်ကြံဖို့ကို ပျင်းရိကြသည်လေ။ အကယ်၍ ဘယ်သူမှသူတို့ကို ဖိအားမပေးဘူးဆိုရင် ဆက်ပြီးတော့ပဲ ပျင်းရိနေကြလိမ့်မည်သာ။

နတ်ဆိုးသားရဲထိန်းကျောင်းမှာ ပစ်ပေါက်ခံရတုန်းကတော့ ကျားပေါက်လေးတွေက သူတို့ရဲ့ သဘာဝစွမ်းအင်များကို အတင်းအကြပ် ထုတ်နိုင်ခဲ့ကာ အတော်လေး တိုးတက်ခဲ့ကြသည်။ ဒါပေမဲ့ အဲ့ဒီအချိန်ကစပြီး နတ်ဆိုးသားရဲထိန်းကျောင်းက ထွက်လာခဲ့ပြီးနောက်မှာ ကျားပေါက်လေးတွေက အမာရွတ်များကနေ ပြန်ကောင်းလာပြီး သူတို့ရဲ့ နာကျင်မှုများကို မေ့လျော့သွားကြကာ အရင်အတိုင်းပဲ ပျော်ပျော်ရွှင်ရွှင် ဆက်နေနေကြသည်။

"ကိစ္စတွေက တကယ့်ကို ဒီအတိုင်း ဆက်သွားလို့မဖြစ်ဘူး"

ချီယွင်ရဲ့ သားရဲပုံစံနဲ့ အရှိန်နှုန်းကို မြင်ပြီးနောက်မှာ ယန်ထျန်းဟန်သည်လည်း နတ်ဆိုးသားရဲ ကျားမျိုးနွယ်စုရဲ့ စွမ်းအားကို ခံစားရသည်။ ယန်ထျန်းဟန်မှာ ကျားပေါက်လေးများရဲ့ အနာဂတ်ကိုစိုးရိမ်မိကာ အကျပ်အတည်းဖြစ်သလို ခံစားရခြင်းကို အတားဆီးနိုင်ပေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now